• Follow Us on
Latest News

Home ပလက်ဝမြို့နယ်၊ မီးဇာရွာအား တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

ပလက်ဝမြို့နယ်၊ မီးဇာရွာအား တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၃

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာရွာအနီးသို့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတွင် တပ်မတော်မှ လေကြောင်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကွန်ရက်စာ မျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေးစစ် ဆင်ရေးများကို ဆောင်ရွက်လျက်ရှိသော်လည်း နိုဝင်ဘာ ၂၀ ရက်တွင် အဆိုပါနေရာတဝိုက်တွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွာခဲ့ခြင်းမရှိကြောင်းနှင့် AA အဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် ပြည်သူများနေထိုင်သော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အဝေးမှလက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

 

ယခုဖြစ်စဉ်သည် တပ်မတော်မှနယ်မြေလုံခြုံရေးဆောင်ရွက်နေမှုအပေါ် အခွင့်ကောင်းယူ၍ တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်ရည်ရွယ်ကာ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ခြင်းမရှိဘဲ AA အဖွဲ့က ၎င်းကျေးရွာတစ်ဝိုက်အား လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်ဟုစွပ်စွဲကာ ပြည်ဖျက်မီဒီယာများက သတင်းအမှား၊ သတင်းအတု များကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post