• Follow Us on
Latest News

Home ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်း နေသည့် PNLO/PDF များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း

ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်ကြိုးပမ်း နေသည့် PNLO/PDF များအား တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း

Share this post

နေပြည်တော်၊ ဇွန် ၁၇

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ကယားပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းမှု ပျက်ပြားစေရန်အတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိင်ကော်၊ ဒီမော့ဆိုးမြိုနယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲဝင်များ၏ တပ်/စခန်းများအား PNLO အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲများက အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဝင်ရောက်တိုက်ခဲ့ပြီး မြိုနှင့်အနီးပတ်ဝန်းကျင်အတွင်း ဒေသခံပြည်သူများအား ဖမ်းဆီးသတ် ဖြတ်ခြင်း၊ လူနေအိမ်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများရပ်တန့်စေရန် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှိ ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ထိုပြင် ဟိုပုံး-ဘန်းယဉ်-ဆီဆိုင်-လွိင်ကော် လမ်းကြောင်းတစ်လျှောက်အား ပိတ်ဆို၍ အဆိုပါဒေသအတွင်း အဖျက်အမှောင့်လုပ်ငန်း များအား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် ဒေသများအား လုံခြုံရေးတပ်ဖွဲဝင်များက အကြမ်းဖက်ချေ မှုန်းရေးစစ်ဆင်ရေး (Counter -Terrorism Operation) ကို ဇန်နဝါရီ ၂၉ ရက်မှစ၍ အဆင့်ဆင့်ခြေကုတ်ယူ၍ ဆောင်ရွက်ခဲ့ရာ ဆီဆိုင်-လွိင်ကော် လမ်းကြောင်း(၄၂)မိုင်အား မေလ ၂၉ ရက်တွင်လည်းကောင်း ပြန်လည် တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲများ (၈၇)ကြိမ်ဖြစ်ပွားခဲ့သည်။ ၎င်းမှ လွိင်ကော်မြို လုံခြုံရေးနှင့် လေယာဉ်ကွင်းအား အဓိကနှောင့်ယှက်မှုပြုလုပ်ခဲ့ရာ စက်မှုဇုန်နယ်မြေနှင့် နာနတ် တောရပ်ကွက်တိုအား ဇွန်လ ၁၄ ရက်တွင် ထပ်မံရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲဝင်များက မြိုပြင်တစ်ဝိုက်သို ဆက်လက်ရှင်းလင်းဆဲဖြစ်ကြောင်း သိရသည်။

 

တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းပြီးသည့်နေရာများသို အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို၊ ရွာများအတွင်း အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို လည်း ကယားပြည်နယ်အစိုးရအဖွဲဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတိုက ဦးဆောင်၍ အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယခုအခါ လွိင်ကော်မြိုသည် ပုံမှန်အခြေအနေအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလာပြီဖြစ်သည့်အတွက် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စတင်သွားလာနေထိုင်လျက်ရှိကြရာ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လွိင်ကော်မြိုအတွင်း အကြမ်းဖက်သမားများ မီးရှိဖျက်ဆီးခဲ့သည့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်း ခြင်း၊ ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် ယာယီဈေးဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင် ရွက်ပေးခြင်း၊ လွိင်ကော်မြိုအတွင်းရှိ သီရိမင်္ဂလာ(တောင်ကွဲ)စေတီ၊ မြိုနာမ်စေတီအပါအဝင် ဘုရားစေတီများ၊ တံတားများနှင့် လမ်းများအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများအပါအဝင် မြို့အတွင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post