ပါကစ္စတန်ထူးချွန်ကျောင်းသူ ၃၀ ထိုင်းနိုင်ငံ AIT တက္ကသိုလ်မှာ မဟာဘွဲ့ယူဖို့ ပညာသင်ထူးချွန်ဆုရရှိ
PUBLISHED - August 31, 2024
နိုင်ငံတကာ၊ သြဂုတ် ၃၁
သမိုင်းဝင်အဖြစ်အပျက်တစ်ခုအဖြစ် ထိုင်းနိုင်ငံ AIT တက္ကသိုလ် (အာရှနည်းပညာတက္ကသိုလ် Asian Institute of Technology – AIT ) ဟာ ပါကစ္စတန်နိုင်ငံ ခိုင်ဘာပတ်ထန်ဝှာပြည်နယ်က ထူးချွန်ကျောင်းသူ အယောက် ၃၀ ကို ပညာသင်ဆုပေးအပ်လိုက်ပါတယ်။
အဲဒီလက်ရွေးစင် အမျိုးသမီးတွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကထောက်ပံ့တဲ့ အစီအစဉ်တစ်ရပ်ဖြစ်တဲ့ ခိုင် ဘာပတ်ထန်ဝှာမြို့များ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် (KPCIP) အရ ၎င်းတို့တက်ရောက်မယ့် မဟာဘွဲ့များအတွက် ပညာသင်စရိတ်အပြည့်အဝ ထောက်ပံ့သွားမှာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့မှာ AIT တက္ကသိုလ်နဲ့ KPCIP စီမံချက်အဖွဲ့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘော တူညီမှုစာချွန်လွှာ (MoA) အရ ပေးအပ်သွားမယ့် ပညာသင်ဆုတွေဟာ ကျား/မ တန်းတူညီမျှရေးနဲ့ အမျိုးသမီး များအပေါ် လုပ်ပိုင်ခွင့်ပေးအပ်မှု ကတိကဝတ်နဲ့ပတ်သက်ပြီး အင်အားကောင်းတဲ့ သက်သေပြချက်တစ်ခု ဖြစ်ပါ တယ်။
ဒီအစီအစဉ်ဟာ ပညာရေးအောင်မြင်မှုတစ်ခုတည်းသက်သက်တင်မဟုတ်ဘဲ သမိုင်းအစဉ်အလာအရ အရင် တုန်းက အခုလို အခွင့်အလမ်းတွေမရှိခဲ့တဲ့ ဒေသတစ်ခုမှာ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို မြှင့် တင်ဆောင်ရွက်မယ့် အမျိုးသမီးတွေရဲ့ အရည်အချင်းတွေကို အသုံးချခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ပညာသင်ဆုရရှိတဲ့ ကျောင်းသူတွေဟာ AIT တက္ကသိုလ်ကို သြဂုတ်လ ၁၀ ရက်နေ့မှာ ရောက်ရှိလာပါတယ်။ အဆိုပါကျောင်းသူတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ ပါကစ္စတန်သံရုံးမှာ ပါကစ္စတန်နိုင်ငံရဲ့ ၇၇ နှစ် မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနေစဉ်အတွင်း သြဂုတ်လ ၁၄ ရက်နေ့မှာ ပါကစ္စတန်သံအ မတ်ကြီး ရပ်ခ်ဆာနာအေဖဇ်က တွေ့ဆုံခဲ့ပါတယ်။
အခုလို အမျိုးသမီးတွေ လုပ်ပို်င်ခွင့်ရရှိတဲ့ ပညာသင်ဆုတွေချီးမြှင့်ခံရတဲ့ အောင်မြင်မှုတွေအတွက် များစွာ ဂုဏ်ယူကြောင်း ပါကစ္စတန်သံအမတ်ကြီးက ပြောပါတယ်။
ပညာတတ်အမျိုးသမီးတွေဟာ ၎င်းတို့မိသားစုဝင်တွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ပိုမိုဖန်တီးနိုင်စွမ်းရှိတဲ့အတွက် အမျိုးသမီးတွေကို ပညာ သင်ကြားပေးတာဟာ အနာဂတ်အတွက် အမြော်အမြင်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း သံအမတ်ကြီး အေဖဇ်က ပြောပါတယ်။
စိတ်ဝင်စားဖွယ်ရာ လျှောက်လွှာရှင် ၄၀၀၀ ကျော်ထဲက ရွေးထုတ်ထားတာဖြစ်တဲ့အတွက် ဒီပညာသင်ဆုရ ကျောင်းသူတွေဟာ ၎င်းတို့ရဲ့မိခင်နိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့အတွက် အလွန်အရေးပါတဲ့ ပညာရပ်တွေဆီကို တဖြည်းဖြည်း လေ့လာသင်ယူသွားမှာဖြစ်ပါတယ်။
တက္ကသိုလ်မှာ ရွေးချယ်ထားတဲ့ဘာသာရပ်တွေကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာနဲ့ အခြေခံအဆောက်အ အုံစီမံခန့်ခွဲမှု (Construction Engineering and Infrastructure Management)၊ ရေအရင်းအမြစ်အင်ဂျင်နီ ယာနဲ့ စီမံခန့်ခွဲမှု (Water Engineering and Management)၊ သတင်းအချက်အလက် သိပ္ပံနဲ့ AI နည်းပညာ (Data Science and Artificial Intelligence)၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်း ကျင်မထိခိုက်သော ဖွံ့ဖြိုးတိုးတက်မှု (Climate Change and Sustainable Development)၊ သဘာဝပတ်ဝန်း ကျင်အင်ဂျင်နီယာနဲ့ စီမံခန့်ခွဲမှု (Environmental Engineering and Management)၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်း စီမံခန့်ခွဲမှုနဲ့ တီထွင်ဆန်းသစ်မှု (Development Planning Management and Innovation) နဲ့ မြို့ပြဆန်းသစ်တီထွင်မှုနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်သော ရေရှည်တည်တံ့ခိုင်မြဲမှု (Urban Innovation and Sustainability) တို့ ဖြစ်ပါတယ်။
Ref: AIT empowers 30 women scholars from Pakistan for gender equality and sustainable development
#PeopleMedia