• Follow Us on
Latest News

Home ပါကစ္စတန်နဲ့ အီရန် နှစ်နိုင်ငံနယ်မြေထဲကို အပြန်အလှန်တိုက်ခိုက်နေတဲ့အတွက် တင်းမာမှုတွေမြင့်တက်နေ

ပါကစ္စတန်နဲ့ အီရန် နှစ်နိုင်ငံနယ်မြေထဲကို အပြန်အလှန်တိုက်ခိုက်နေတဲ့အတွက် တင်းမာမှုတွေမြင့်တက်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈

 

နှစ်နိုင်ငံပိုင်နက်နယ်မြေထဲကို လေကြောင်းကနေ အပြန်အလှန်တိုက်ခိုက်ခဲ့ကြတဲ့အတွက် ပါကစ္စတန်နိုင်ငံနဲ့ အီ ရန်နိုင်ငံကြား ဆက်ဆံရေးတင်းမာမြင့်တက်လျက်ရှိပါတယ်။

 

ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ ဂျီဟတ်ဝါဒီစစ်သွေးကြွတွေကို အီရန်နိုင်ငံက ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၁၇ ရက်နေ့) က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ပါကစ္စတန်လေတပ်က အီရန်နိုင်ငံထဲ မှာရှိ ဘားလက်ခွဲထွက်ရေးဝါဒီတွေရဲ့စခန်းတွေလို့ ပြောတဲ့နေရာတွေကို ကြာသပတေးနေ့ (ဇန်နဝါရီလ ၁၈ ရက်နေ့) က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

 

ပါကစ္စတန်လေတပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ပါကစ္စတန်အစိုးရက အလိုရှိနေတဲ့ ဘားလက် စစ်သွေးကြွတွေ ပုန်းအောင်းနေတဲ့နေရာတွေဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

“အီရန်နိုင်ငံထဲမှာ ခိုအောင်းနေတဲ့ ပါကစ္စတန်ဆန့်ကျင်ရေး စစ်သွေးကြွအုပ်စုကို ကျွန်တော်တို့ လေကြောင်းက နေတိုက်ခိုက်ခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားနိုင်ပါတယ်။” လို့ ထိပ်တန်းထောက်လှမ်းရေးသတင်းရင်း မြစ်တစ်ဦးကို ကိုးကားပြီး AFP က ရေးသားဖော်ပြထားပါတယ်။

 

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီလေကြောင်း တိုက်ခိုက်မှုကို အတည်ပြုပြောကြားလိုက်ပြီး အ ကြမ်းဖက်သမားအများအပြားသေဆုံးခဲ့တယ်လို့ ပြောပါတယ်။

 

ဗုဒ္ဓဟူးနေ့က အီရန်ဘက်က တိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်ဖို့ ပါကစ္စတန်နိုင်ငံမှာ အခွင့်အရေးရှိကြောင်း ပါကစ္စ တန်အစိုးရက ပြောဆိုလိုက်ပြီးနောက်မှာ အခုလို ပါကစ္စတန်ဘက်က အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို လေ ကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အီရန်နိုင်ငံဘက်က ၎င်းတို့တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နိုင်ငံထဲမှာ အခြေစိုက်ထားတဲ့ ဂျီဟတ်စစ်သွေးကြွ တွေ သေဆုံးခဲ့တဲ့အတွက် စစ်ဆင်ရေးအောင်မြင်ကြောင်း ပြောဆိုခဲ့ပေမဲ့ အီရန်တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ တွေမသေဘဲ အရပ်သားတွေသာ သေဆုံးခဲ့ကြောင်း ပါကစ္စတန်က ပြောဆိုလိုက်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။

 

“အီရန်ရဲ့တိုက်ခိုက်မှုဟာ ပါကစ္စတန်ရဲ့ အချုပ်အခြာကို ချိုးဖောက်ရုံသာမက နိုင်ငံတကာဥပဒေကို ဆိုးဆိုးရွား ရွားချိုးဖောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားအောင်ဆောင်ရွက်ခဲ့တာဖြစ်တယ်” လို့ ပါကစ္စတန်နိုင်ငံခြားရေး ဝန်ကြီး ဂျာလီအက်ဘတ်ဂျီလာနီက အီရန်နိုင်ငံခြားရေးဝန်ကြီးကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

ပါကစ္စတန်အစိုးရက အီရန်နိုင်ငံမှာရှိတဲ့ ပါကစ္စတန်သံအမတ်ကို ပြန်လည်ခေါ်ယူလိုက်ပြီး အီရန်သံအမတ် ပါကစ္စတန်ပြန်လာတာကိုလည်း ပိတ်ပင်တားဆီးလိုက်ပါတယ်။

 

ဒါပေမဲ့ အီရန်တပ်မတော်ဟာ ပါကစ္စတန်နိုင်ငံထဲမှာရှိတဲ့ အီရန်လူမျိုး ဂျာရစ်အယ်လ်အက်ဒ် အကြမ်းဖက်သမား အုပ်စုကိုသာ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အေမီယာ-အက်ဘ်ဒို လာဟီယန်က ပြောပါတယ်။

 

Ref: Pak retaliates with airstrikes on alleged Baloch separatist hideouts in Iran

 

#PeopleMedia


Share this post