ပါကစ္စတန်နှင့် ရုရှားတပ်ဖွဲ့များ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

PUBLISHED - November 17, 2020
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆
ပါကစ္စတန်နှင့်ရုရှားတပ်ဖွဲ့များကြား ဒရပ်ဇ်ဘာ-ဗွီ စစ်ရေးလေ့ကျင့်မှုကို ပါကစ္စတန်နိုင်ငံ တာဘီလာဒေ သ၌ ဆက်လက်ပြုလုပ်လျက်ရှိသည်။
ပါကစ္စတန်နှင့် ရုရှား အထူးတပ်ဖွဲ့များက ဓားစားခံကယ်တင်ခြင်း၊ ပိတ်ဆို့ခြင်း၊ ရှာဖွေမှုစစ်ဆင်ရေး၊ ဝေ ဟင်မှ ဒိုက်ဗင်ထိုးခြင်း အစရှိသောလေ့ကျင့်မှုများ ပြုလုပ်နေသည့် ရုပ်သံဖိုင်တစ်ခုကို ပါကစ္စတန်တပ်မတော်၏ မီဒီယာလက်ရုံးတပ် ညွှန်ချုပ်က တွစ်တာ၌ တင်ခဲ့သည်။
ဒရပ်ဇ်ဘာ-ဗွီ (ချစ်ကြည်ရေး) ဟု အမည်ဝှက်ပေးထားသည့် နှစ်ပတ်ကြာ ပါကစ္စတန်-ရုရှား တန်ပြန်အ ကြမ်းဖက်မှုနှိမ်နင်းရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၈ ရက်တွင် တာဘီလာဒေသ၌ စတင်ပြုလုပ်ခဲ့ သည်။
ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် နိုဝင်ဘာလ ၅ ရက်တွင် ရုရှား အထူးတပ်ဖွဲ့တစ်ဖွဲ့ ပါကစ္စတန်နိုင်ငံ သို့ ရောက်ရှိလာခဲ့သည်။ စစ်ရေးလေ့ကျင့်မှုတွင် တန်ပြန်အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အဓိကထား လေ့ကျင့် မည်ဖြစ်သည်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုများက စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် အဓိကကျသော ခြေလှမ်းတစ် ရပ်ဖြစ်ပြီး နှစ်နိုင်ငံတပ်ဖွဲ့များကြားဆက်ဆံရေးက စစ်အေးကာလကတည်းက ခိုင်မာအားကောင်းခဲ့သည်။
တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် အထူးစစ်ဆင်ရေးများ အဓိကထားသည့် ပါကစ္စတန်-ရုရှား ပူး တွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၆ ခုနှစ်ကတည်းက နှစ်စဉ် ပြုလုပ်ခဲ့သည်။
ယခုနှစ် စက်တင်ဘာလအတွင်း ပါကစ္စတန်တပ်မတော်က ရုရှားနိုင်ငံ အက်စထရာကန်မြို့၌ပြုလုပ်သော ကာဗက်ဇ်-၂၀၂၀ နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံတွင်ပြုလုပ်သော Tsentr 2019 စစ်ရေးလေ့ကျင့်မှုတွင်လည်း ပါကစ္စတန်က ကာဇတ်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်ကစ္စတန်နိုင်ငံတို့နှင်အတူ ပါဝင်ခဲ့သည်။
ကိုးကား – ပါကစ္စတန်အော့ဇာဘာ
Ref; Pak-Russia joint military exercise Druzhba-V continues
(unicode)
………………………………………………
ကိုးကား – ပါကစ်စတနျအော့ဇာဘာ
Ref; Pak-Russia joint military exercise Druzhba-V continues