ပါကစ္စတန်ဗုံးခွဲမှု အလုပ်သမား ၁၁ ဦး သေဆုံး
PUBLISHED - August 21, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၁
အာဖဂန်နစ္စတန်နယ်စပ်နဲ့ ထိစပ်နေတဲ့ ပါကစ္စတန်အနောက်မြောက်ဘက်မှာ စနေနေ့ (သြဂုတ်လ ၁၉ ရက်နေ့) က ဗုံးတစ်လုံးပေါက်ကွဲခဲ့တဲ့အတွက် အလုပ်သမား ၁၁ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်အရာရှိတစ်ဦးက သြ ဂုတ်လ ၂၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။
စနေနေ့ကညနေပိုင်းက အလုပ်သမားတွေစီးနင်းလာတဲ့ကားကို ဗုံးတွဲချည်ပေးလိုက်ပြီးတဲ့နောက်မှာ အဲဒီဗုံး ပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း မြောက်ပိုင်းဝါဇီရစ္စတန်ခရိုင်အုပ်ချုပ်ရေးအရာရှိ ရာမန်ဂူလ်ခတ်တက်က ပြောပါ တယ်။
“အဲဒီအလုပ်သမားတွေက ပါကစ္စတန်ကြည်းတပ်အတွက် အဆောက်အအုံဆောက်လုပ်နေတဲ့ လုပ်ငန်းတစ်ခု မှာ အလုပ်လုပ်နေကြတဲ့အလုပ်သမားတွေဖြစ်ပါတယ်။” လို့ ခတ်တက်က ပြောပါတယ်။
ဗုံးကွဲတာသေချာကြောင်းနဲ့ အလုပ်သမား ၁၁ ဦး သေဆုံးသွားတာမှန်ကန်ကြောင်း ဒေသခံထိပ်တန်းရဲအရာရှိ တစ်ဦးဖြစ်သူ အေမီယာမူဟမ်မက်ခန်းက AFP ကို ပြောပါတယ်။
“မြောက်ပိုင်းဝါဇီရစ္စတန်ခရိုင်ထဲက အလုပ်သမား ၁၁ ဦးသေဆုံးသွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းကို ကြားရတာ အလွန်ထိတ်လန့်တုန်လှုပ်စရာပါပဲ။ အဲဒီလို အသိဉာဏ်မဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ သေဆုံးသွားတဲ့မိသားစုဝင်တွေနဲ့အတူ ရပ်တည်ကြောင်း ပြောလိုပါတယ်။” လို့ အိမ်စောင့်အစိုးရဝန်ကြီးချုပ် အဏ္ဏဝါအူဟတ်ကလာက အရင်တုန်းက တွစ်တာအဖြစ်သိထားကြတဲ့ X လူမှုကွန် ရက်ပေါ်မှာရေးတင်ခဲ့ပါတယ်။
Ref: 11 Laborers Killed in Bomb Attack in Pakistan: Official
#PeopleMedia