ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် ၉ ဦး သေဆုံးသွားကြောင်း အီရန်အစိုးရပြော
PUBLISHED - January 19, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉
ပါကစ္စတန်နိုင်ငံရဲ့ ကြသပတေးနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်နိုင်ငံ အရှေ့တောင်ဘက် နယ်စပ် ဒေမှာနေထိုင်တဲ့ လူ ၉ ဦးသေဆုံးသွားကြောင်း အီရန်အစိုးရမီဒီယာက ကြေညာလိုက်ပါတယ်။
“ကနဦးက ၇ ဦးသေဆုံးတယ်လို့ကြေညာခဲ့ပေမဲ့ နယ်စပ်ဒေသ ဆာရာဗန်ကျေးရွာမှာ ဒုံးကျည်ထိမှန်လို့ ၂ ဦး သေဆုံးတဲ့အတွက် သေဆုံးသူဦးရေ ၉ ဦးဖြစ်ပါတယ်။” လို့ စစ္စတန်ဘလူချက်စတန်ပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူး အေလီရီဇာမဟာမာတီကို ကိုးကားပြီး အီရန်အစိုးရရဲ့ IRNA သတင်းဌာနက ပြောပါတယ်။
ပါကစ္စတန် လေကြောင်းတိုက်ခိုက်မှုကြေင့် အစောပိုင်းက အမျိုးသမီး ၃ ဦးနဲ့ ကလေးငယ် ၄ ဦး သေဆုံးခဲ့ ကြောင်း မဟာမာတီက ပြောပါတယ်။
ကြာသပတေးနေ့ (ဇန်နဝါရီလ ၁၈ ရက်နေ့) က အီရန်နိုင်ငံ စစ္စတန်ဘလူချက်စတန်ပြည်နယ်ထဲမှာရှိတဲ့ စစ် သွေးကြစခန်းပုန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောပါတယ်။
သေဆုံးသူ အားလုံးဟာ နိုင်ငံခြားသားတွေဖြစ်ကြောင်း ရုပ်သံအင်တာဗျူးတစ်ခုမှာ အီရန်ပြည်ထဲရေးဝန်ကြီး အေမက်ဗာဟီဒီက ပြောပါတယ်။
သတင်းရင်းမြစ်ကိုးကားဖော်ပြခြင်းမရှိပေမဲ့ သေဆုံးသွားသူတွေဟာ ပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့ ယုံ ကြည်ရကြောင်း အီရန် Fars သတင်းဌာနက ပြောပါတယ်။
ရှီရိုက်မွတ်ဆလင်ကြီးစိုးတဲ့ အီရန်နိုင်ငံထဲမှာ စစ္စတန်ဘလူချက်စတန်ပြည်နယ်ဟာ ဆွန်နီမွတ်ဆလင်တွေအဓိ က နေထိုင်တဲ့ ပြည်နယ်အနည်းစုထဲက ပြည်နယ်တစ်ခုဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော်မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေ၊ ဘလူချီတိုင်းရင်းသားလူနည်းစုသူပုန်တွေ၊ ဂျီဟတ်ဝါဒီစစ် သွေးကြွတွေနဲ့ ရှုပ်ထွေးနေတဲ့အတွက် စစ္စတန်ဘလူချက်စတန်ပြည်နယ်ဟာ မတည်ငြိမ်တဲ့ပြည်နယ်တစ်ခုဖြစ် ပါတယ်။
ပါကစ္စတန်ရဲ့လေကြောင်းတိုက်ခိုက်မှုကို အီရန်အစိုးရက ပြစ်တင်ရှုတ်ချလိုက်သလို ပါကစ္စတန်ဒုတိယသံအ မတ်ကိုဆင့်ခေါ်လိုက်ပြီး ပါကစ္စတန်အစိုးရထံက ဖြေရှင်းချက်ကိုတောင်းဆိုလိုက်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဆာကာနာနီက ပြောပါတယ်။
အီရန်နိုင်ငံက ပါကစ္စတန်နိုင်ငံထဲရှိ စစ်သွေးကြွတွေကို ဒုံးကျည်တွေ/ ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးသေဆုံးသွားပြီးနောက် နှစ်ရက်အတွင်းမှာပဲ ပါကစ္စတန်နိုင်ငံက အီရန်နိုင်ငံထဲကို အခုလိုဝင် ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ပါကစ္စတန်အစိုးရက အီရန်ရဲ့တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီးနောက် အီရန်မှာရှိတဲ့ ပါကစ္စ တန်သံအမတ်ကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး အစ္စလာမ်မာဘတ်မြို့ကို ပြန်လာမယ့် အီရန်သံအမတ်ကိုလည်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
Ref: Nine Dead in Pakistan Strikes on Iran: New Toll
#PeopleMedia