• Follow Us on

Home ပါကစ္စတန်လွှတ်တော်အမတ်လောင်းရုံးခန်းတွေအနီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး ပြည်သူ ၂၆ ဦးသေဆုံး

ပါကစ္စတန်လွှတ်တော်အမတ်လောင်းရုံးခန်းတွေအနီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး ပြည်သူ ၂၆ ဦးသေဆုံး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၈

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဘလိုချက်စတန်ပြည်နယ်မှာရှိတဲ့ လွှတ်တော်အမတ်လောင်းရုံးတွေ အနီးမှာ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ်လ ၇ ရက်နေ့) က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ ပါကစ္စတန်လူမျိုး ၂၆ ဦးသေဆုံး ပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း ပါကစ္စတန်အရာရှိတွေက ပြောကြားလိုက်ပါတယ်။

 

စစ်သွေးကြတွေရဲ့ တိုက်ခိုက်မှုနဲ့ ဝန်ကြီးချုပ်ဟောင်းအီမရန်ခန်းကို ထောင်ချထားလင့်ကစား ပါကစ္စတန်နိုင်ငံ ဟာ ကြာသပတေးနေ့မှာ ရွေးကောက်ပွဲတွေ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပီရှင်ခရိုင်က လွှတ်တော်အမတ်လောင်းတစ်ဦးရဲ့ရုံးခန်းနားမှာဖြစ်ပွားခဲ့တဲ့ ပထမအကြိမ် ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

ဒုတိယအကြိမ်ပေါက်ကွဲမှုက အာဖဂန်နစ္စတန်နယ်စပ်အနီး ကီလာဆိုင်ဖူလာမြို့ရှိ စစ်သွေးကြွအုပ်စုက ပစ်မှတ် ထားတိုက်ခိုက်တာခံနေရတဲ့ ဘာသာရေးပါတီတစ်ခုဖြစ်တဲ့ ဂျာမီးယက်တ်အူလမာအစ္စလာမ်အဖွဲ့ရဲ့ ရုံးခန်းတစ်ခု အနီးမှာဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ပြည်နယ်ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။

 

အဲဒီရုံးအနီး မော်တော်ဆိုင်ကယ်ရပ်နားထားတဲ့နေရာမှာ ထောင်ထားတဲ့မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာကြောင့် လူ ၁၂ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကီလာဆိုင်ဖူလာရဲ့ ဒုတိယမင်းကြီး ယာဆာဘာဇိုင်းက ပြောပါ တယ်။

 

ပါကစ္စတန်အစိုးရကို ဆန့်ကျင်နေပြီး မကြာသေးခင်ကာလက တိုက်ခိုက်မှုတွေဆောင်ရွက်နေတဲ့ ပါကစ္စတန် တာလီဘန်စစ်သွေးကြွအုပ်စု (TTP) နဲ့ ဘလိုချက်စတန်ခွဲထွက်ရေးအုပ်စုတွေအပါအဝင် စစ်သွေးကြွ အုပ်စု လေးငါးဖွဲ့ရှိပေမဲ့ အခုဗုံးကွဲတဲ့ကိစ္စမှာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရသေးပါဘူး။

 

ပါကစ္စတန်တာလီဘန်စစ်သွေးကြွအုပ်စု (TTP) ကတော့ လူ ၁၀ဦးသေဆုံးခဲ့တဲ့ ပါကစ္စတန်အနောက်တောင် ဘက်က ရဲစခန်းတစ်ခုကို တိုက်ခိုက်ခဲတာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း တင်္လာနေ့က ပြောပါတယ်။

 

၎င်းတို့အဖွဲ့ဟာ လွှတ်တော်အမတ်တွေထက် ရဲတပ်ဖွဲ့ဝင်တွေနဲ့ တခြားလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ကြောင်း TTP အဖွဲ့က ပြောပါတယ်။

 

ဗုဒ္ဓဟူးနေ့က ပီရှင်မြို့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးက ခန်းဇိုင်ဆေးရုံက သေဆုံးသူဦးရေ ၁၄ ဦးနဲ့ ဒဏ် ရာရသူ သုံးဆယ်နီးပါးရှိကြောင်းပြောတဲ့အတွက် ဖြစ်စဉ်နှစ်ခုမှာ သေဆုံးသူ ၂၆ ဦးရှိသွားပြီဖြစ်ပါတယ်။

 

“ဒီကနေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိတ်လန့် စိတ်ပျက်မိပါတယ်။ ပြည်သူတွေကို မဲပေးလို့မရ အောင် အခုလိုတိုက်ခိုက်ဟန့်တားတာကိုလည်း ပြစ်တင်ရှုတ်ချပါတယ်။” လို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိန် မဟာမင်းကြီး ဂျိန်းမဲရီယော့က ပြောပါတယ်။

 

Ref: Blasts near Pakistan candidates’ offices kill 26 on eve of election

 

#PeopleMedia


Share this post