PUBLISHED - November 5, 2019
(unicode)
ပါကစ္စတန်အတွက် နည်းပညာမြင့်ဖရီးဂိတ်စစ်ရေယာဉ်များ တရုတ်တည်ဆောက်ပေးနေ
………………………………………………………………
တရုတ်နိုင်ငံ၊ ဟူတုံးကျုံးဟွာသင်္ဘောကျင်းမှာ ပါကစ္စတန်ရေတပ်အတွက် Type 054 ဘက်စုံသုံး ဖရီးဂိတ် ရေယာဉ်နှစ်စီးစတင်တည်ဆောက်ခြင်း သံမဏိဖြတ်အခမ်းအနားကိုပြုလုပ်ခဲ့တယ်လို့ ပါကစ္စတန်ရေတပ်မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Type 054AP ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ရေယာဉ် တရုတ်ရေတပ်ရဲ့ နောက်ဆုံးပေါ်နည်းပညာမြင့် ဖရီး ရေယာဉ်အမျိုးအစားဖြစ်ပြီး လက်ရှိပါကစ္စတန်အတွက် တည်ဆောက်ပေးနေတဲ့ ဖရီးဂိတ် ၂ စီးဟာ တရုတ်ရေတပ်ရဲ့ Type 054 ဖရီးဂိတ်ကို အခြေခံပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။
ပါကစ္စတန်ရေတပ်ဟာ တရုတ်နိုင်ငံက Type 054AP ဖရီးဂိတ် ၄ စီးမှာယူထားပြီး နောက်ဆုံး ၂ စီးကို ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က မှာယူခဲ့တာဖြစ်ပါတယ်။
အဆိုပါ စစ်ရေယာဉ်တွေဟာ ၂၀၂၁ တစ်ခုနှစ်မှာ တပ်တော်ဝင်မယ်လို့လည်းသိရပါတယ်။
Ref; https://dailytimes.com