• Follow Us on

Home ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ကို ဒုံးကျည်အချက်အလက်တွေ ပေးပို့ခဲ့တဲ့ အိန္ဒိယစစ်ဘက်အကြီးတန်း အရာရှိတစ်ဦး ဖမ်းဆီးခံရ

ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ကို ဒုံးကျည်အချက်အလက်တွေ ပေးပို့ခဲ့တဲ့ အိန္ဒိယစစ်ဘက်အကြီးတန်း အရာရှိတစ်ဦး ဖမ်းဆီးခံရ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

ဒုံးကျည်ဆိုင်ရာ အချက်အလက်တွေကို ထောက်လှမ်းရေးလို့ယုံကြည်ရတဲ့ ပါကစ္စတန်အမျိုးသမီးတစ်ဦးရဲ့ ကိုယ်လုံးတီးပုံတွေနဲ့ အလှယ်အလဲလုပ်ခဲ့တဲ့ အိန္ဒိယစစ်ဘက်အကြီးတန်းအရာရှိတစ်ဦး ဖမ်းဆီးခံရလိုက်ရ တယ်လို့ အန္ဒိယတိုင်းမ်းသတင်းဌာနက ဖော်ပြထားပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဘာဘမ်ဒေးဟာ အိန္ဒိယ ကာကွယ်ရေးသုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (DRDO) အဖွဲ့အစည်းရဲ့ နည်းပညာပိုင်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးဖြစ်ပြီး ထိလွယ်ရှလွယ် သတင်း အချက်အလက်တွေကို Whatapp ကတစ်ဆင့် ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

အသက် ၅၇ နှစ်အရွယ် ဘာဘမ်ဒေးဟာ အိန္ဒိယနိုင်ငံ ချန်ဒီပေါ ပြည်နယ်မှာစမ်းသပ်ခဲ့တဲ့ ဒုံးကျည်အပြင် ရော့ကဒ်၊ တိုက်လေယာဉ်ပေါ်က ကြဲချတဲ့ဗုံးတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်လက်တွေကို ပေးပို့ခဲ့ တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ သူ့ကို နိင်ငံတော် လျှိုဝှက်ဥပဒေချိုးဖောက်မှုတွေနဲ့ တရားစွဲဆိုးထားပြီး ဒါဟာ တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ပါကစ္စတန်နိုင်ငံရဲ့ ပျားရည်ထောက်ချောက်လို့ခေါ်တဲ့ စုံစမ်းထောက်လှမ်းရေး နည်းဗျူဟာနဲ့ လှည့်စားခံလိုက်ရတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိဖြစ်ပါတယ်။

ပျားရည်ထောက်ချောက်ဟာ ပါကစ္စတန်ထောက်လှမ်းရေးတွေက အမျိုးသမီးအဖြစ် ဟန်ဆောင်ပြီး ကိုယ်လုံးတီးပုံတွေ၊ ဗီဒီယိုဖိုင်တွေကို အသုံးပြုကာ သတင်းအချက်အလက်ရယူတဲ့ နည်းဗျူဟာဖြစ်ပါတယ်။

အိန္ဒိယအာဏာပိုင်တွေက ဒီနည်းဗျူဟာနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ထိလွယ်ရှလွယ် သတင်းပေါက်ကြားမှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် အာဏာပိုင်တွေအတွက် ခေါင်းခဲစရာဖြစ်ပါတယ်။

Ref; Honey-Trapped DRDO Official Arrested In Odisha For Passing Information To Pakistani Spy

#PeopleMedia #နိုင်ငံတကာ

(unicode)


…………………………………………………








Ref; Honey-Trapped DRDO Official


Share this post