ပါကစၥတန္ ေရေဘး သုံးရက္အတြင္းလူ ၆၄ ဦး ေသဆုံး

PUBLISHED - August 10, 2020
ၾသဂုတ္ ၁၀
ပါကစၥတန္ႏိုင္ငံတစ္ဝန္း ၿပီးခဲ့ေသာသုံးရက္အတြင္း မုတ္သုံမိုးရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့ရာ လူ ၆၄ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင့္ အမ်ိဳးသားေဘးအႏၲရာယ္ စီမံခန္႔ခြဲေရး အာဏာပိုင္အဖြဲ႕ (NDMA) က ေျပာၾကားသည္။
ပါကစၥတန္ႏိုင္ငံေျမာက္ပိုင္းမွ ေတာင္ပိုင္းအထိ ေဒသအသီးသီး၌ ေရေဘးေၾကာင့္ အသက္ဆုံးရႈံးခဲ့သူမ်ား တြင္ ကေလး ၁၉ ဦးႏွင့္ အမ်ိဳးသမီးကိုးဦး ပါဝင္ခဲ့ေၾကာင္း NDMA ကထုတ္ျပန္ေသာ အစီရင္ခံစာအရ သိရသည္။
ပါကစၥတန္အေနာက္ေျမာက္ပိုင္း ခိုင္ဘာပတ္တြမ္ခြာျပည္နယ္မွာ ေသဆုံးသူ ၂၅ ဦးရွိကာ ေရေဘးအသင့္ ဆုံး ျပည္နယ္ျဖစ္ၿပီး ဆင္းျပည္နယ္၌ ေသဆုံးသူ ၁၂ ဦး၊ ဘလူခ်ီစတန္ျပည္နယ္ႏွင့္ ပန္ဂ်ပ္ျပည္နယ္၌ ရွစ္ဦးစီႏွင့္ ဂီလ္ဂက္ေဘာ္လ္တစ္တ္ျပည္နယ္တြင္ ၁၀ ဦးထက္မနည္း ရွိခဲ့သည္။
ေရေဘးေၾကာင့္ ဘလူခ်ီစတန္ႏွင့္ ခိုင္ဘာပတ္တြမ္ခြာျပည္နယ္မ်ား၌ ေက်းရြာအမ်ားအျပားကို ခ်ိတ္ ဆက္ေပး ေသာ တံတားေလးစင္းႏွင့္ ေနအိမ္ ၃၀၀ ေက်ာ္ ပ်က္စီးသြားခဲ့ေၾကာင္း အစီရင္ခံစာက ေဖာ္ျပခဲ့သည္။
ပါကစၥတန္တပ္မေတာ္မွာ တပ္ဖြဲ႕ဝင္မ်ားကို ေဒသခံျပည္သူမ်ားကို ကယ္ဆယ္ရန္ႏွင့္ ကယ္ဆယ္ေရးလုပ္ ငန္းမ်ား ေဆာင္ရြက္ရန္ ရဟတ္ယာဉ္မ်ားျဖင့္ ေရေဘးသင့္ေဒသမ်ားသို႔ ေစလႊတ္ခဲ့သည္။
“ပါကစၥတန္တပ္မေတာ္က တပ္ဖြဲ႕ဝင္ေတြဟာ ေရေဘးနဲ႔ ႏိုင္ဂတ္ဂ်္ဆည္ရဲ႕ ေရကာတာ႐ိုး က်ိဳးေပါက္မႈ ႀကဳံေတြ႕ခဲ့တဲ့ ျပည္သူေတြကိုကူညီဖို႔ ဆင္းျပည္နယ္၊ ဒါဒူခ႐ိုင္က ေဒသအသီးသီးမွာ ကယ္ဆယ္ေရး လုပ္ငန္းေတြ ေဆာင္ရြက္ေနပါတယ္” ဟု ပါကစၥတန္တပ္မေတာ္၏ ျပည္သူ့ဆက္ဆံေရးဌာန (ISPR) က ေျပာသည္။
ပါကစၥတန္တပ္မေတာ္၏ အင္ဂ်င္နီယာတပ္ဖြဲ႕မွ စက္ေလွမ်ား၊ ေဆးဘက္အဖြဲ႕မ်ားက ေသာင္တင္ေန ေသာျပည္သူမ်ားကို ေဘးအႏၲရာယ္ကင္းရာေနရာမ်ားသို႔ ကယ္ဆယ္ေနေၾကာင္း၊ လိုအပ္ေသာ က်န္းမာေရး ေစာင့္ ေရွာက္မႈမ်ား ေဆာင္ရြက္ေနေၾကာင္း၊ ေဘးသင့္ျပည္သူမ်ားသို႔ အစားအစားမ်ား ေပးေဝေနေၾကာင္း ISPR က ဆိုသည္။
ကိုးကား ။ ။ ဆင္ဟြာ
Ref; 64 killed in three-day monsoon rain spells across Pakistan
#Peoplemedia
(unicode)
ပါကစ္စတန် ရေဘေး သုံးရက်အတွင်းလူ ၆၄ ဦး သေဆုံး
……………………………………………
ဩဂုတ် ၁၀
ပါကစ္စတန်နိုင်ငံတစ်ဝန်း ပြီးခဲ့သောသုံးရက်အတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင့် အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDMA) က ပြောကြားသည်။
ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ ဒေသအသီးသီး၌ ရေဘေးကြောင့် အသက်ဆုံးရှုံးခဲ့သူများ တွင် ကလေး ၁၉ ဦးနှင့် အမျိုးသမီးကိုးဦး ပါဝင်ခဲ့ကြောင်း NDMA ကထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
ပါကစ္စတန်အနောက်မြောက်ပိုင်း ခိုင်ဘာပတ်တွမ်ခွာပြည်နယ်မှာ သေဆုံးသူ ၂၅ ဦးရှိကာ ရေဘေးအသင့် ဆုံး ပြည်နယ်ဖြစ်ပြီး ဆင်းပြည်နယ်၌ သေဆုံးသူ ၁၂ ဦး၊ ဘလူချီစတန်ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်၌ ရှစ်ဦးစီနှင့် ဂီလ်ဂက်ဘော်လ်တစ်တ်ပြည်နယ်တွင် ၁၀ ဦးထက်မနည်း ရှိခဲ့သည်။
ရေဘေးကြောင့် ဘလူချီစတန်နှင့် ခိုင်ဘာပတ်တွမ်ခွာပြည်နယ်များ၌ ကျေးရွာအများအပြားကို ချိတ် ဆက်ပေး သော တံတားလေးစင်းနှင့် နေအိမ် ၃၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
ပါကစ္စတန်တပ်မတော်မှာ တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများကို ကယ်ဆယ်ရန်နှင့် ကယ်ဆယ်ရေးလုပ် ငန်းများ ဆောင်ရွက်ရန် ရဟတ်ယာဉ်များဖြင့် ရေဘေးသင့်ဒေသများသို့ စေလွှတ်ခဲ့သည်။
“ပါကစ္စတန်တပ်မတော်က တပ်ဖွဲ့ဝင်တွေဟာ ရေဘေးနဲ့ နိုင်ဂတ်ဂ်ျဆည်ရဲ့ ရေကာတာရိုး ကျိုးပေါက်မှု ကြုံတွေ့ခဲ့တဲ့ ပြည်သူတွေကိုကူညီဖို့ ဆင်းပြည်နယ်၊ ဒါဒူခရိုင်က ဒေသအသီးသီးမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟု ပါကစ္စတန်တပ်မတော်၏ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ပြောသည်။
ပါကစ္စတန်တပ်မတော်၏ အင်ဂျင်နီယာတပ်ဖွဲ့မှ စက်လှေများ၊ ဆေးဘက်အဖွဲ့များက သောင်တင်နေ သောပြည်သူများကို ဘေးအန္တရာယ်ကင်းရာနေရာများသို့ ကယ်ဆယ်နေကြောင်း၊ လိုအပ်သော ကျန်းမာရေး စောင့် ရှောက်မှုများ ဆောင်ရွက်နေကြောင်း၊ ဘေးသင့်ပြည်သူများသို့ အစားအစားများ ပေးဝေနေကြောင်း ISPR က ဆိုသည်။
ကိုးကား ။ ။ ဆင်ဟွာ
Ref; 64 killed in three-day monsoon rain spells across Pakistan
#Peoplemedia