• Follow Us on
Latest News

Home ပါတီက တာဝန်အပ်နှင်းရင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ရှိကြောင်း ဖီယူထိုင်းပါတီက ဆရက်သာပြော

ပါတီက တာဝန်အပ်နှင်းရင် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ဖို့ အဆင်သင့်ရှိကြောင်း ဖီယူထိုင်းပါတီက ဆရက်သာပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၈

 

ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းသုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဆရက်သာသာဗီဆင်က ၎င်းအနေနဲ့ ပါတီကသာ ယုံယုံကြည်ကြည်နဲ့ တာဝန်အပ်နှင်းမယ်ဆိုရင် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်သွား ဖို့ အသင့်ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။

 

ဇူလိုင်လ ၁၉ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာကျင်းပမယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ Move Forward ပါတီ ခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်ကို အမည်စာရင်းတင်သွင်းခွင့်မရှိခဲ့ရင် ဝန်ကြီးချုပ်အသစ်အဖြစ် ၎င်းကိုအမည်စာရင်း တင်သွင်းကြလိမ့်မယ်လို့ ကောလာဟလတွေထွက်ပေါ်နေတဲ့အကြောင်းကို မေးမြန်းတဲ့အခါ မစ္စတာဆရက်သာက အခုလိုပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဖီယူထိုင်းပါတီက ကျွန်တာ်တို့ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး လေးလကြာ ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီး ချုပ်တာဝန်ထမ်းဆောင်ဖို့ ကျွန်တော်အသင့်မဖြစ်သေးဘူးဆိုရင် ကျွန်တော့်ပါတီက ကျွန်တော့်ကို ဝန်ကြီးချုပ်လောင်း သုံးဦးထဲမှာ အမည်စာထည့်ထားပါ့မလား။” လို့ ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ ချက်ချင်းဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စက အစိုးရသစ်ဖွဲ့စည်းရေးနဲ့ စီးပွားရေးပိုမိုကောင်းမွန် လာရေးကို အရှိန်မြှင့်တင်ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

ပြည်သူအများအပြားဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေတာကြောင့် ဒုက္ခရောက်နေကြရ ကြောင်း၊ ဖီယူ ထိုင်းပါတီရဲ့ အဓိကတာဝန်က အဲဒီအရေးပေါ်ပြဿနာကို ကိုင်တွယ်ဖြေရှင်းဆောင် ရွက်ဖို့ဖြစ်ကြောင်း မစ္စတာ ဆရက်သာက ပြောပါတယ်။ လွတ်လပ်တဲ့ကုန်သွယ်မှုသဘောတူညီချက်ဆွေးနွေးပွဲတွေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု တွေ အိမ်နီး ချင်းနိုင်ငံတွေကို ရွှေ့ပြောင်းသွားမယ့်အရေးတွေဟာ ချက်ချင်းကိုင်တွယ်ဆောင်ရွက်ရ မယ့် ဦးစားပေးပြဿနာ တွေထဲမှာပါဝင်ကြောင်း ၎င်းက ပြောပါတယ်။

 

“ကျွန်တော်ဟာ အမြဲတမ်းအဖွဲ့နဲ့ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တစ်ဦးပါ။ ကျွန်တော်တို့ ဖီယူထိုင်းပါတီဝင် တွေဟာ ဒီမိုကရက်တွေပါ။ ပါတီဘုတ်အဖွဲ့က ဘာတွေပဲဆုံးဖြတ်ဆုံးဖြတ် ကျွန်တော့်အနေနဲ့ အဲဒီ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဖီယူထိုင်းပါတီအနေနဲ့ လက်ရှိညွန့်ပေါင်းအဖွဲ့ကနေ ဘက်ပြောင်းပြီး ဖုန်ဂျိုင်ထိုင်းပါတီ၊ ပါလန်ပါရာ ချာရတ်ပါတီ တို့အပါအဝင် အတိုက်အခံပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရသစ်ဖွဲ့စည်းဖို့ဖြစ်နိုင်ခြေ ရှိမရှိဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ မစ္စတာဆရက်သာက ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

 

မစ္စတာပီတာကို အမည်စာရင်းထပ်မံတင်သွင်းလို့မရရင်ဖြစ်စေ၊ အမည်စာရင်းတင်သွင်းလို့ရပေမဲ့ ရွေးကောက်ပွဲ မှာ လုံလောက်တဲ့မဲမရခဲ့ရင်ဖြစ်စေ ဖီယူထိုင်းပါတီအနေနဲ့ မစ္စတာဆရက်သာကို ဝန်ကြီး ချုပ်အဖြစ် အမည်စာ ရင်းတင်သွင်းတဲ့အချိန်မှာ ပထမဦးဆုံး မဲပေးရွေးချယ်ပွဲကို လာမယ့် သီတင်းပတ် မတိုင်ခင်အထိ ရွှေ့ဆိုင်းထားမှာဖြစ်တယ်လို့ ဖီယူထိုင်းပါတီ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ Move Forward ပါတီအနေနဲ့ အထက်လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်ရွေး ချယ်ပွဲမှာ မဲ ပေးခွင့်ပြုထားတဲ့ ပုဒ်မ ၂၇၂ ကိုပြန်လည်ပြင်ဆင်ဖို့ လုံးပမ်းနေမယ့်အစား အစိုးရသစ်ဖွဲ့ စည်းရေးအတွက်အောင် မြင်အောင် ဘယ်လိုဆောင်ရွက်မလဲဆိုတာကို အာရုံစိုက်လုပ်ဆောင်သင့် ကြောင်း ဖီယူထိုင်းပါတီက ဒုတိယ ခေါင်းဆောင် ဖမ်သမ်ဝီချာယာချိုင်းက တိုက်တွန်းလိုက်ပါတယ်။

 

Ref: Srettha ‘ready to be PM’, looks to revive economy: Bangkok Post

 

#PeopleMedia


Share this post