• Follow Us on

Home ပါတီခေါင်းဆောင်ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးရန် တင်ပြလာ၍ ပယ်ဖျက်ပေးကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

ပါတီခေါင်းဆောင်ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက်ပေးရန် တင်ပြလာ၍ ပယ်ဖျက်ပေးကြောင်း ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၆

 

ပါတီခေါင်းဆောင်ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းမှ ပယ်ဖျက် ပေးပါရန် တင်ပြလာ၍ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းကို ပယ်ဖျက်ပေးခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက် ထားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့် စိစစ်ဆဲဖြစ်သည့် ဓနုအမျိုးသားများအဖွဲ့ ချုပ်ပါတီ(DNOP) ၏ ပါတီခေါင်းဆောင်ကွယ်လွန်သွားသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်လျှောက်ထား ခြင်းမှ ပယ်ဖျက်ပေးပါရန် သက်ဆိုင်ရာပါတီက တင်ပြလာခြင်းနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ ၁၅ ရက်နေ့၌ ကျင်းပ သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)က သဘောတူခွင့်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၏ မှတ်ပုံတင်ခွင့်လျှောက် ထားခြင်းကို ပယ်ဖျက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊ ဈေးတန်းရပ်ကွက်၊ သစ္စာလမ်း၊ အိမ်အမှတ် (၃၄၈)တွင် ပါတီရုံးချုပ်တည်ရှိ သော ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP)က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ နိုင်ငံ ရေးပါတီအဖြစ် ဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့်ပြုရန် ၂၀၂၃ခုနှစ် မတ် ၂၄ ရက်တွင် လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post