• Follow Us on

Home ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း မိမိတို့ဦးဆောင်ပြီးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်လိုလားသည့် ပြည်သူများနှင့် တပ်မတော်တစ်သားတည်းရှိကြောင်း နစက ဥက္ကဋ္ဌပြောကြား

ပါတီစုံဒီမိုကရေစီစနစ်ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း မိမိတို့ဦးဆောင်ပြီးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်လိုလားသည့် ပြည်သူများနှင့် တပ်မတော်တစ်သားတည်းရှိကြောင်း နစက ဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း မိမိတို့ ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သလို ပါတီစုံဒီမိုကရေစီစနစ်လိုလားသည့် ပြည်သူများနှင့် တပ်မတော် တစ်သားတည်းရှိကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့သည် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေသည့် နိုင်ငံ တစ်ခုဖြစ်ကြောင်း၊  ပါတီစုံဒီမိုကရေစီက ပြည်သူကတောင်းဆိုသည့် အတွက်ကြောင့် တပ်မတော်က ဖော်ဆောင်ပေးခြင်းဖြစ်ကြောင်း၊ တပ်မတော်က ဦးဆောင်ပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ယခုမှ တပ်မတော်က လိုက်ပြီးတော့ ပါတီစုံဒီမိုကရေစီစနစ်ကို ထောက်ခံခြင်း မဟုတ်ကြောင်း၊ ပြီးခဲ့သည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းပြီးသည့် နောက်ပိုင်းမှစပြီး နဝတ ကြေညာချက် များကို ကြည့်ပါက တပ်မတော်မှ ကိုယ်စားပြုပြီး ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီကို သွား မည်ဆိုပြီး မိမိတို့ ပြောခဲ့ခြင်းရှိကြောင်း၊  ထိုအတိုင်း နောက်ဆုံး ပါတီစုံ ဒီမိုကရေစီစနစ်ကို အခိုင်အမာ အထောက်အကူပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲပြီး ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သွားခြင်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် သွားသည့်အခါတွင် မိမိတို့ ရွေးကောက်ပွဲလမ်းကြောင်းကို ဖော် ဆောင်သွားခြင်းဖြစ်ကြောင်းဖြင့် ပြောသည်။

 

“ရွေးကောက်ပွဲလမ်းကြောင်းကသွားတာဖြစ်တဲ့ အတွက် ကြောင့် ရွေးကောက်ပွဲလုပ်ခဲ့တာ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊၂၀၂၀ ပြည့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ သုံးကြိမ် လုပ်ခဲ့တာ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြဿနာအနည်းအကျဉ်းရှိတာလွဲလို့ ကြီးကြီးမားမား ဘာတစ်ခုမှ မဖြစ်ခဲ့ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ရုပ်ပျက်ဆင်းပျက်ကို မဲမသမာမှုတွေ ပြုလုပ်ခဲ့တာ ပေါ်လွင်ခဲ့ပါတယ်။ အဲ့ဒီနောက် မရိုးသားတဲ့၊ မသန့်စင်တဲ့ မဲရလာဒ်တွေနဲ့ အာဏာရဖို့အတွက်၊ အဓမ္မအာဏာရဖို့အတွက် ကြိုးစားလာတဲ့ အတွက်ကြောင့် ကျွန်တော်တို့ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေ ကြေ ညာပြီးတော့မှ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး တပ်မတော်က ဆောင်ရွက်ခဲ့တာ ကောင်စီဝင်များအားလုံး သိပြီးဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ထိုကြောင့် မိမိတို့အနေနှင့် တပ်မတော်အနေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ပြီး ဖော်ဆောင်ပေးသကဲ့ သို့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေးအတွက် မိမိတို့က ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်လိုလားသည့် ပြည်သူများနှင့် တပ်မတော် တစ်သားတည်းရှိကြောင်းကို မိမိတို့ ပြောလိုကြောင်း၊ နိုင်ငံရေးတည်ဆောက်မှု အခန်းကဏ္ဍတွင် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ် စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post