ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရရွေးချယ်ထားသောစနစ်ဖြစ်ပြီး အစိုးရသက်တမ်း ၂ ဆက်တိုက် ကျင့်သုံးဆောင်ရွက်ခဲ့သောစနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြု၍မရဟု နစကဒုဥက္ကဋ္ဌ ပြောကြား
PUBLISHED - October 3, 2023
နေပြည်တော်၊ အောက်တိုဘာ ၃
ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ်ထားသောစနစ်ဖြစ်ပြီး အစိုးရသက်တမ်း ၂ ဆက်တိုက် ကျင့်သုံးဆောင်ရွက်ခဲ့သော စနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍မရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာခြင်းသည် ၂၀၂၀ ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများနှင့် ယှဉ်တွဲအမြတ်ထုတ်လျက် နိုင်ငံတော် အာဏာ သုံးရပ်ကို အဓမ္မရယူရန် ကြိုးပမ်းမှုအတွက် အဆိုပါပြဿနာရပ်များအပေါ် တပ်မတော်က ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုမှုအပေါ် တာဝန်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ မသိကျိုးကျွံပြုလျက် ပြဿနာ ရပ်အပေါ် ရှောင်လွှဲမှုများကြောင့် ဖြစ်ပေါ်လာရသည်ကို အားလုံးက သိရှိပြီးဖြစ်ကြောင်း ပြောသည်။
နိုင်ငံ့အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ္တထိန်းသိမ်းရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ရှေ့လုပ်ငန်း စဉ် ၅ ရပ် ၊ ဦးတည်ချက် ၁၂ ရပ်ကို ချမှတ်အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သော် လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ စပြီး ပြောင်းလဲဖြစ်ပေါ်လာသော အခြေ အနေများအရ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ပြောင်းလဲချမှတ်အကောင် အထည်ဖော်လျက်ရှိ ကြောင်း၊ ယခင် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ဖြစ်ပေါ်နေသော မဲမသမာမှုဆိုင်ရာများ ဖြေရှင်းရန်ကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသ၊ ထိန်းချုပ်ရန် ကိစ္စနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ယိုင်နဲ့နေသော စီးပွားရေးကို ပြန် လည်တည့်မတ်ရန် ဆိုသည့် အချက် ၃ ချက်မှာ ယနေ့အချိန်တွင် ဖြေရှင်းဆောင်ရွက်ပြီးဖြစ်၍ ယနေ့ အချိန်နှင့် ကိုက်ညီသည့် တစ်နိုင်ငံလုံး အတိုင်းအတာအရ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စ ရပ်များကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားရေးတို့အတွက် လည်းကောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒ ရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက် လည်း ကောင်း စသည့် အချက် ၃ ချက်ဖြင့် အစားထိုးပြင်ဆင်လျက် ငြိမ်းချမ်းရေးဆိုင်ရာနှင့် အထွေထွေရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကိုမူ နိုင်ငံတော်၏ မူလ ရည်မှန်းချက် အတိုင်း ရှေ့လုပ်ငန်းစဉ်၌ ထည့်သွင်းလျက် အဆိုပါရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်၍ ဦးတည်ချက် ၉ ရပ်ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသားရည်မှန်းချက် ၂ ရပ် ဖြစ်သည့် တိုင်းပြည်သာယာဝ ပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးတို့ကို အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူ၏ဆန္ဒအရ ရွေးချယ်ထားသော စနစ်ဖြစ်ပြီး အစိုးရသက်တမ်း ၂ ဆက်တိုင် ကျင့်သုံးဆောင်ရွက်ခဲ့သော စနစ်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြု၍ မရ ကြောင်း ပြောသည်။
ထိုသို့ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရ မိမိတို့နိုင်ငံ အပေါ် ပိတ်ဆို့မှုများရှိသော်လည်း စုပေါင်းညီညာ အောင်ကြောင်းဖြာဆိုသည့်အတိုင်း နိုင်ငံသူ၊ နိုင်ငံသား အားလုံး မိမိတို့ အစိုးရနှင့်အတူ စည်းစည်းလုံးလုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်မှု ကြောင့် လက်ရှိဖြစ်ပွားနေသော နိုင်ငံတကာ ပဋိပက္ခများတွင် ကမ္ဘာ့စီးပွားရေး ထိခိုက်မှုများကို နိုင်ငံအားလုံး အနည်းနှင့်အများ ခံစားနေကြရသည့် အခြေအနေတွင် မိမိတို့ နိုင်ငံအနေဖြင့် ထိခိုက်မှုများရှိခဲ့သော်လည်း အထိုက်အလျှောက် စီးပွားရေးတိုးတက်မှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia