• Follow Us on

Home ပါတီတည်ထောင်ကြောင်း ကြေညာပြီး ၉ နာရီအတွင်း ပြည်သူ့ပါတီ အလှူငွေ ဘတ် ၁၀ သန်းရရှိ

ပါတီတည်ထောင်ကြောင်း ကြေညာပြီး ၉ နာရီအတွင်း ပြည်သူ့ပါတီ အလှူငွေ ဘတ် ၁၀ သန်းရရှိ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၀

 

ဖျက်သိမ်းခံလိုက်ရတဲ့ Move Forward ပါတီကို အသွင်ပြောင်းထားတဲ့ ပြည်သူ့ပါတီ (People’s Party) ဟာ သောကြာနေ့ (သြဂုတ်လ ၉ ရက်နေ့) က ပါတီတည်ထောင်လိုက်ကြောင်း တရားဝင်ကြေညာပြီး ၉ နာရီအ ချိန်အတွင်းမှာပဲ အလှူငွေ ဘတ် ၁၀ သန်းရရှိခဲ့တဲ့အတွက် ပါတီထောက်ခံသူတွေကို ကျေးဇူးတင်ကြောင်း ပြည်သူ့ပါတီက ပြောကြားလိုက်ပါတယ်။

 

သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင် ပါတီရန်ပုံငွေ ဘတ် ၁၀ သန်း ရှာဖွေရေးနဲ့ ပါတီဝင် ၁၀၀၀၀၀ ရရှိအောင် စည်းရုံးရေးအတွက် ရည်မှန်းချက်ထားခဲ့တဲ့ ပြည်သူ့ပါတီက “ကျွန်တော်တို့ ပြည်သူ့အားကို လျှော့တွက်ခဲ့မိ ပါတယ်။” လို့ ပါတီ Facebook page မှာ တင်ထားခဲ့ပါတယ်။

 

အခုသတင်းတင်တဲ့အချိန်အထိ ပါတီရန်ပုံငွေ ၁၅.၅၅ သန်းနဲ့ ပါတီဝင်အသစ် ၂၅,၈၅၂ ဦး ရရှိထားပြီဖြစ် ကြောင်း ပြည်သူ့ပါတီဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။

 

ပါတီ Facebook page မှာ ပါတီထောက်ခံသူတွေကို ကျေးဇူးတင်ပြီး အသစ်ဝင်ရောက်လာတဲ့ အဖွဲ့ဝင်တွေ ကြိုဆိုကြောင်း၊ အဖွဲ့ဝင်သစ်တွေဟာ ပါတီသစ်တည်ဆောက်ရာမှာ တကယ့်အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ် ကြောင်း ရေးသားထားပါတယ်။

 

“ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုမှာ တန်ဖိုးအထားရဆုံးနဲ့ အဓွန့်ရှည်အတည်တံ့ဆုံးသော အင်စတီကျူးရှင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ အမြင့်ဆုံးအာဏာကို ကိုင်စွဲထားတဲ့ ပြည်သူတွေပဲဖြစ်ပါတယ်။” လို့ အဲဒီပို့စ်မှာ ဖော်ပြထားပါတယ်။

 

စနေနေ့မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ဘန်ကောက်မြို့၊ ဆမ်ယမ်လမ်းဆုံမှာရှိတဲ့ အမှတ် ၁ အားကစား ကွင်းမှာ ကျင်းပမယ့် လူထုစုဝေးပွဲကြီးကို တက်ရောက်ကြဖို့လည်း ပါတီထောက်ခံသူတွေကို ဖိတ်ကြားထားပါ တယ်။

 

ပြည်သူ့ပါတီခေါင်းဆောင်အဖြစ် နတ်သပေါင်ရောင်းပန်းယာဝတ်ကို ရွေးချယ်လိုက်ကြောင်း သောကြာနေ့ နေ့ လယ်စာစားပြီးချိန်မှာ ကြေညာလိုက်ပါတယ်။

 

Move Forward ပါတီရဲ့ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ဆရာယွတ်ဂျိုင်လက်က ပါတီသစ်ရဲ့ အထွေအထွေအ တွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်သလို Move Forward ပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် တာ ဝန်ထမ်းဆောင်ခဲ့တဲ့ ဆီရိကန်ညာဆန်ဆာကူလ်ကတော့ ပါတီသစ်မှာလည်း ဒုတိယခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

 

ထိုင်းဘုရင်စနစ်ကို ကာကွယ်ထားတဲ့ ဥပဒေကို ပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့အတွက် နိုင်ငံရေးပါတီဥပဒေကို ချိုး ဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ Move Forward ပါတီကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၇ ရက်နေ့) က ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ Move Forward ပါတီအသွင်ပြောင်း ဆက်ခံလိုက်တဲ့ ပြည်သူ့ပါတီကလည်း “ထိုင်းဘုရင်စနစ်ကိုပြုပြင် မယ်” ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

 

Ref: People’s Party achieves THB10 million donation goal in nine hours

 

#PeopleMedia


Share this post