ပါတီတည်ထောင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၈ ပါတီအနက် နိုင်ငံရေးပါတီ ၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်

PUBLISHED - July 18, 2023
နေပြည်တော်၊ ဇူလိုင် ၁၈
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ လျှောက်ထား လျက်ရှိကြရာ ယမန်နေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက် ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၈ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၈ ပါတီအနက် အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီက ပါတီ တည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယမန်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်းဖြစ် ကြောင်း သိရသည်။
တည်ထောင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၈ ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့်အနက် ပါတီ ၅ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia