ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၄ ဖွဲ့အနက် နိုင်ငံရေးပါတီ ၁၀ ပါတီကိုတည်ထောင်ခွင့် ပြုပြီးဖြစ်ကြောင်း UEC ထုတ်ပြန်

PUBLISHED - September 26, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၆
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယမန်နေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာ သည့်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၀ ပါတီကို တည်ထောင်ခွင့် ပြုပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီက ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်း ဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယမန်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာခြင်း ဖြစ်ကြောင်း သိရသည်။
တည်ထောင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ ၁၀ ပါတီသည် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့်အနက် ပါတီ ၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ပြီး၊ ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PeopleMedia