• Follow Us on
Latest News

Home ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော်အဖွားဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနကို အောက်တိုဘာ ၇ ရက်နေ့ ကျင်းပမည်

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော်အဖွားဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနကို အောက်တိုဘာ ၇ ရက်နေ့ ကျင်းပမည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၆

 

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော်ဆရာကြီးအဖွား ဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပနကို အောက်တိုဘာ ၇ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် စစ်ကိုင်းမြို့ ရွှေသမားရပ် ရွှေသမားရွှေရိပ်သာသုဿာန်တွင် မီးသင်္ဂြိုဟ် မည်ဖြစ်ကြောင်း သိရသည်။

 

စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ကဉ္ဇာနာရာမချောင်တွင် သီတင်းသုံးနေထိုင်တော်မူခဲ့သော အဖွား ဒေါ်ကဉ္စနာမှာ  အောက်တိုဘာ ၅ ရက် နံနက် ၅ နာရီ ၅ မိနစ်အချိန်တွင် ပျံလွန်တော်မူခဲ့ပြီး၊ ပျံလွန်တော်မူချိန် တွင် သက်တော် ၉၇ နှစ် ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post