ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော်အဖွားဒေါ်ကဉ္စနာ ပျံလွန်တော်မူ
PUBLISHED - October 5, 2023
နေပြည်တော်၊ အောက်တိုဘာ ၅
ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက် ကဉ္စနာရာမချောင် ဆရာကြီး အဖွားဒေါ်ကဉ္စနာ သက်တော် (၉၇) နှစ်သည် ယနေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန်က ပျံလွန်တော်မူ သွားပြီးဖြစ်ကြောင်း သိရသည်။
အဖွားဒေါ်ကဉ္စနာကို မိဘများမှာ ဦးစံလှနှင့် ဒေါ်ခက်တို့ဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက် တနင်္လာနေ့ နံနက် ၅ နာရီတွင်ဖွားမြင်ခဲ့ကြောင်းနှင့် မွေးချင်း ၉ ယောက်အနက် ၄ ယောက်မြောက်ဖြစ် ပြီး၊ အဖွားဒေါ်ကဉ္စနာ လူအမည်မှာ မသိန်းကြည်ဖြစ်ကြောင်း သိရသည်။
အဖွားဒေါ်ကဉ္စနာသည် မိဘနှစ်ပါးအပေါ်သိတတ်ခဲ့သူဖြစ်ပြီး၊ (၁၄) နှစ် သမီးအရွယ်မှာ သီလရှင် ဆရာလေး ဘဝသို့ ကူးပြောင်းလာခဲ့သူဖြစ်သည်။
#PeopleMedia