• Follow Us on

Home ပါလက်စတိုင်းအရပ်သား ၁.၁ သန်းကို ၂၄ နာရီအတွင်း ဂါဇာမြောက်ပိုင်းက ထွက်သွားဖို့ အစ္စရေးစစ်တပ် အမိန့်ပေးထားကြောင်း ကုလသမဂ္ဂပြော

ပါလက်စတိုင်းအရပ်သား ၁.၁ သန်းကို ၂၄ နာရီအတွင်း ဂါဇာမြောက်ပိုင်းက ထွက်သွားဖို့ အစ္စရေးစစ်တပ် အမိန့်ပေးထားကြောင်း ကုလသမဂ္ဂပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

 

အစ္စရေးမြေပြင်ထိုးစစ်မစတင်မီ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အရပ်သား ၁.၁ သန်း ၂၄ နာရီအတွင်း ဘေး ကင်းလုံခြုံရာကို ရွှေ့ပြောင်းနေထိုင်ကြဖို့ အစ္စရေးတပ်မတော်က အမိန့်ပေးထားကြောင်း ကုလသမဂ္ဂအရာရှိ တွေက ပြောကြားလိုက်ပါတယ်။

 

ဂါဇာမြို့မှာနေထိုင်ကြတဲ့ အရပ်သားတွေရဲ့လုံခြုံရေးအတွက် အခုလိုကြိုတင်သတိပေးထားတာဖြစ်ကြောင်း အဲ ဒီသတိပေးထုတ်ပြန်ချက်ထဲမှာ အစ္စရေးစစ်တပ်က ပြောပါတယ်။

 

စနေနေ့က အစ္စရေးကို အငိုက်ဖမ်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ်စစ်သွေးကြွတွေဟာ ဂါဇာမြို့အောက် မှာရှိတဲ့ မြေအောက်လိုဏ်ခေါင်းတွေထဲမှာ ခိုအောင်းနေကြတယ်လို့ အစ္စရေးဘက်က စွပ်စွဲထားပါတယ်။

 

အစ္စရေးမြေပြင်တပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် အမိန့်မရသေးပေမဲ့ အခုလို အရပ်သားတွေကိုဘေး ကင်းလုံခြုံရာရွှေ့ပြောင်းထားဖို့ သတိပေးချက်တွေထွက်ပေါ်လာတာဟာ မကြာခင်မြေပြင်ထိုးစစ်ဆင်နွှဲလာလိမ့် မယ်ဆိုတဲ့ လက္ခဏာပဲဖြစ်ပါတယ်။

 

ဟားမတ်စ်အဖွဲ့ကအုပ်ချုပ်နေပြီး လူဦးရေထူထပ်စွာနေထိုင်တဲ့ နယ်စပ်တလျှောက် ၂၅ မိုင် (ကီလိုမီတာ ၄၀) သာရှိတဲ့ နယ်မြေအပိုင်းအစလေးကို မြေပြင်ထိုးစစ်ဆင်နွှဲမယ်ဆိုရင် နှစ်ဖက်စလုံး အကျအဆုံး အများအပြားရှိ လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

 

စနေနေ့က အလစ်အငိုက်ဝင်တိုက်တဲ့အချိန်မှာ ဟားမတ်စ်တွေက အစ္စရေးတပ်စခန်းတွေအပြင်၊ ကလေးသူ ငယ်တွေအပါအဝင် အရပ်သားတွေကိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့အတွက် ဟားမတ်စ်အဖွဲ့ကို အမြစ် ပြတ်ချေမှုန်းပစ်မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက ပြောကြားခဲ့ပါတယ်။

 

ဟားမတ်စ်စစ်သွေးကြွတွေကို လိုက်လံရှာဖွေတိုက်ခိုက်တဲ့အချိန်မှာ သာမန်ပါလက်စတိုင်းပြည်သူတွေကို ကာ ကွယ်ပေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ရိုင်ရှီဆူနတ်ခ်က သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

ဟားမတ်စ်တိုက်ခိုက်မှုအပြီး အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ဖို့အတွက် ဗြိတိန်နိုင်ငံက တော်ဝင်ရေတပ် စစ် သင်္ဘောတွေနဲ့ တော်ဝင်လေတပ် စောင့်ကြည့်ထောက်လှမ်းလေယာဉ်တွေ စေလွှတ်ပေးသွားမှာဖြစ်ကြောင်း သဘောတူညီခဲ့ပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်က အစ္စရေးဝန်ကြီးချုပ်နဲ့ ကြာသပတေးနေ့က စကားပြောဆိုခဲ့ တယ်လို့ ဗြိတိန်အစိုးရက အတည်ပြုပြောကြားခဲ့ပါတယ်။

 

အကြမ်းဖက်သမားတွေကို ချေမှုန်းတိုက်ခိုက်ရာမှာ ဗြိတိန်နိုင်ငံအနေနဲ့ အစ္စရေးနိုင်ငံနဲ့အတူ ယှဉ်တွဲရပ်တည်နေ ကြောင်း၊ ဟားမတ်စ်အဖွဲ့ကို အစ္စရေးပြည်သူတွေကို နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့ ခွင့်မပြုသင့်တော့ ကြောင်း မစ္စတာဆူနတ်ခ်က ဖုန်းလိုင်းထဲကတစ်ဆင့် ပြောကြားခဲ့ကြောင်း အမှတ် ၁၀ ဒေါင်းနင်းလမ်းက ပြောပါ တယ်။

 

စနေနေ့က ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုး ၁၃၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေးတပ်မတော်အရာရှိ တွေအပါအဝင် ဓားစာခံ ၁၅၀ ဝန်းကျင်ကို ဂါဇာကမ်းမြောင်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

 

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ လူဦးရေ ၁၅၃၀ ကျော် သေဆုံးသွားပြီဖြစ်သလို အစ္စရေးနိုင်ငံတွင်းမှာလည်း ဟားမတ်စ်အကြမ်းဖက်သမား ၁၅၀၀ ဝန်းကျင်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

 

Ref: Israel’s military gives 1.1m civilians in north Gaza 24 hours to evacuate, UN says

 

#PeopleMedia


Share this post