ပါးကိုက်ရင် နားပြန်ကိုက်ဖို့ ရုရှားမှာ ကလပ်စတာဗုံးတွေ အလုံအလောက်ရှိကြောင်း ပူတင်ပြော

PUBLISHED - July 17, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၇
ယူကရိန်းနိုင်ငံက ကလပ်စတာဗုံးတွေအသုံးပြုလာခဲ့ရင် ပြန်လည်တိုက်ခိုက်ဖို့အတွက် ရုရှားနိုင်ငံမှာ ကလပ်စ တာဗုံးတွေ အလုံအလောက်ရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က တနင်္ဂနွေနေ့ (ဇူလိုင်လ ၁၆ ရက်နေ့) က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကထောက်ပံ့တဲ့ ကလပ်စတာဗုံးတွေကို စတင်လက်ခံရရှိနေပြီး အဲဒီလို လက်ခံရရှိတဲ့ကလပ်စတာဗုံးတွေတွေကို အသုံးပြုမယ်ဆိုရင် မပေါက်ကွဲသေးတဲ့ဗုံးတွေကနေ အရပ် သားတွေကို ထိခိုက်သေကြေစေမယ့် အန္တရာယ်တွေအတွက် စိုးရိမ်ပူပန်နေကြပါတယ်။
“ရုရှားနိုင်ငံမှာ ကလပ်စတာဗုံးတွေ လုံလုံလောက်လောက်ရှိပါတယ်။” လို့ ပူတင်က အစိုးရရုပ်သံဌာနက သ တင်းထောက်တစ်ဦးကို ပြောပါတယ်။
အငြင်းပွားဖွယ်ရာ အဲဒီကလပ်စတာဗုံးတွေထဲကနေ ဗုံးအငယ်စားအလုံးရေ လေးငါးရာအထိ မြေပြင်ပေါ်ကိုပြန့် ကျဲကျရောက်လာနိုင်ပြီး မြေပြင်ပေါ်မှာပဲမပေါက်ကွဲသေးဘဲနဲ့ ကျန်ရစ်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
“သူတို့က အဲဒီကလပ်စတာဗုံးတွေ အသုံးပြုလာပြီဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပါးကိုက်ရင် နားပြန်ကိုက် ဖို့ အသင့်ပါပဲ။” လို့ ပူတင်က ပြောပါတယ်။
တချို့နေရာမှာ တချို့ခဲယမ်းတွေ ပြတ်လပ်သွားတာမျိုးရှိပေမဲ့ ရုရှားနိုင်ငံအနေနဲ့ အဲဒီလို ကလပ်စတာဗုံမျိုးကို အသုံးမပြုခဲ့ကြောင်း ပူတင်က ဖြည့်စွက်ပြောခဲ့ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW နဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကတော့ ရုရှားနိုင်ငံက စစ်မြေပြင်မှာ ကလပ်စ တာဗုံးတွေ သုံးစွဲခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ကလပ်စတာဗုံးတွေကို အထူးသဖြင့် ဥရောပနိုင်ငံတွေကြားထဲမှာ အသုံးမပြုဖို့ ၂၀၀၈ ခုနှစ် အော်စလိုသဘော တူညီချက်လက်မှတ်ရေးထိုးပြီး တားမြစ်ခဲ့ပေမဲ့ အဲဒီသဘောတူညီချက်ထဲမှာ ရုရှား၊ အမေရိကန်ပြည်ထောင်စုနဲ့ ယူကရိန်းနိုင်ငံတို့ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။
ယူကရိန်းနိုင်ငံကို ကလပ်စတာဗုံးတွေထောက်ပံ့ခဲ့တဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအုပ်စုတွေက အမေရိကန်ပြည်ထောင်စုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ကလပ်စတာဗုံးတွေပို့ပေးဖို့ ဆုံးဖြတ်ချက်ချရတာ အလွန်ခက်ခဲကြောင်း၊ ဒါပေမဲ့ ယူကရိန်းဟာ ခဲယမ်းတွေပြတ် လပ်နေပြီဖြစ်တဲ့အတွက် နောက်ထပ်ခဲယမ်းတွေ အမြန်ပို့ပေးဖို့ လိုအပ်နေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင် ဒန်က ပြောပါတယ်။
Ref: Putin Says Russia Has ‘Sufficient’ Cluster Munitions for Tit-For-Tat
#PeopleMedia