• Follow Us on
Latest News

Home ပိန္းဇလုပ္ၿမိဳ႕ေရႀကီးမႈေၾကာင့္ ၿမိဳ႕၀င္တံတားေရထဲပါသြား၍ ယာယီတံတားအျမန္ထိုး

ပိန္းဇလုပ္ၿမိဳ႕ေရႀကီးမႈေၾကာင့္ ၿမိဳ႕၀င္တံတားေရထဲပါသြား၍ ယာယီတံတားအျမန္ထိုး

Share this post

ရန္ကုန္၊ ၾသဂုတ္ ၆

ပဲခူးတိုင္းေဒသႀကီးပိန္းဇလုပ္ျမဳိ႕ ေရႀကီးမႈေၾကာင့္ ၿမိဳ႕၀င္တံတား ေရထဲပါသြားကာ ယာယီတံတား တစ္စင္းအျမန္ထိုးေနေၾကာင္း ေညာင္ေလးပင္ျမဳိ႔နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးကေျပာသည္။

ပိန္းဇလုပ္ျမဳိ႔တြင္ ေရႀကီးေနမႈႏွင့္ပတ္သက္၍ ၾသဂုတ္လ ၆ ရက္ people media ကဆက္သြယ္ေမးျမန္ းရာတြင္ ေညာင္ေလးပင္ျမဳိ႔နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးကေျပာၾကားခဲ့သည္။

“ၾသဂုတ္လ ၅ ရက္ေန႔ကစၿပီး ယာယီတံတားကိုလုပ္ေနတာပဲမၿပီးေသးဘူး။ ဟိုဘက္ျခမ္း၊ ဒီဘက္ျခမ္းကို သစ္သားတန္းေတြနဲ႔ေရာ သံတိုင္ေတြနဲ႔ေရာပိုင္႐ိုက္တယ္။ ထပ္မျပဳိေအာင္ေပါ့။ ဟိုဘက္ျခမ္းကေတာ့ တုပ္႐ိုက္တာၿပီးသြားၿပီ။ ဒီဘက္ျခမ္းက တုပ္႐ိုက္ၿပီးမွ သံေဘာင္ဆက္လက္ဆင္ရမွာေပါ့။ ဒီေန႔ေတာ့ မၿပီးေလာက္ဘူး။ ကားေတြကေတာ့ ဟိုဘက္မွာ ကင္ပြန္းခ်ဳံလမ္းတစ္လမ္းရွိတယ္။ အဲဒီလမ္းက ကား အႀကီးေတာ့သြားလို႔မရဘူး။ ကားအေသးနဲ႔ဆိုင္ကယ္တို႔ေပါ့ဗ်ာ။ အဲဒါေတြရတယ္။ အဲဒီတံတားကလည္း စိတ္မခ်ရလို႔ ကားအႀကီးေပးမသြားဘူး။ အဲဒီလမ္းကလည္းေရေက်ာ္တဲ့လမ္းပဲ။စစခ်င္း ေရေဘးသင့္ျပည္သူ ၅၀၀၀ေက်ာ္ေလာက္ရွိတယ္။ အခုကေရကက်သေလာက္ျဖစ္ေပမဲ့ မေန႔က မိုးရြာေတာ့ ေရ ျပန္တက္လာ တယ္’’ဟု ၎ကေျပာသည္။

ၾသဂုတ္လ ၄ ရက္ညပိုင္းတြင္ ေညာင္ေလးပင္ျမဳိ႔နယ္ ပိန္းဇလုပ္ျမဳိ႔အ၀င္ တံတားမွာေရစီးႏွင့္ အတူေမ်ာပါသြား ခဲ့ၿပီး ျမဳိ႔အတြင္းသို႔လည္းေရမ်ား ၀င္ေရာက္ခဲ့ေၾကာင္းသိရသည္။

ေမ်ာပါသြားေသာတံတားမွာ အလ်ား၁၅ေပ၊အနံ ၁၅ေပ၊ အျမင့္၁၀ခန္႔ရွိ ကြန္ကရစ္တံတားျဖစ္ၿပီး ေရစီးေၾကာင့္ က်ိဳးက်ေမ်ာပါသြားျခင္းျဖစ္သည္။

#PeopleMedia #သဘာဝေဘး

(unicode)
ပိန်းဇလုပ်မြို့ရေကြီးမှုကြောင့် မြို့ဝင်တံတားရေထဲပါသွား၍ ယာယီတံတားအမြန်ထိုး
………………………………………………………………….

ရန်ကုန်၊ ဩဂုတ် ၆

ပဲခူးတိုင်းဒေသကြီးပိန်းဇလုပ်မြို့ ရေကြီးမှုကြောင့် မြို့ဝင်တံတား ရေထဲပါသွားကာ ယာယီတံတား တစ်စင်းအမြန်ထိုးနေကြောင်း ညောင်လေးပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကပြောသည်။

ပိန်းဇလုပ်မြို့တွင် ရေကြီးနေမှုနှင့်ပတ်သက်၍ ဩဂုတ်လ ၆ ရက် people media ကဆက်သွယ်မေးမြန် းရာတွင် ညောင်လေးပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကပြောကြားခဲ့သည်။

“ဩဂုတ်လ ၅ ရက်နေ့ကစပြီး ယာယီတံတားကိုလုပ်နေတာပဲမပြီးသေးဘူး။ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းကို သစ်သားတန်းတွေနဲ့ရော သံတိုင်တွေနဲ့ရောပိုင်ရိုက်တယ်။ ထပ်မပြိုအောင်ပေါ့။ ဟိုဘက်ခြမ်းကတော့ တုပ်ရိုက်တာပြီးသွားပြီ။ ဒီဘက်ခြမ်းက တုပ်ရိုက်ပြီးမှ သံဘောင်ဆက်လက်ဆင်ရမှာပေါ့။ ဒီနေ့တော့ မပြီးလောက်ဘူး။ ကားတွေကတော့ ဟိုဘက်မှာ ကင်ပွန်းချုံလမ်းတစ်လမ်းရှိတယ်။ အဲဒီလမ်းက ကား အကြီးတော့သွားလို့မရဘူး။ ကားအသေးနဲ့ဆိုင်ကယ်တို့ပေါ့ဗျာ။ အဲဒါတွေရတယ်။ အဲဒီတံတားကလည်း စိတ်မချရလို့ ကားအကြီးပေးမသွားဘူး။ အဲဒီလမ်းကလည်းရေကျော်တဲ့လမ်းပဲ။စစချင်း ရေဘေးသင့်ပြည်သူ ၅၀၀၀ကျော်လောက်ရှိတယ်။ အခုကရေကကျသလောက်ဖြစ်ပေမဲ့ မနေ့က မိုးရွာတော့ ရေ ပြန်တက်လာ တယ်’’ဟု ၎င်းကပြောသည်။

ဩဂုတ်လ ၄ ရက်ညပိုင်းတွင် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အဝင် တံတားမှာရေစီးနှင့် အတူမျောပါသွား ခဲ့ပြီး မြို့အတွင်းသို့လည်းရေများ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

မျောပါသွားသောတံတားမှာ အလျား၁၅ပေ၊အနံ ၁၅ပေ၊ အမြင့်၁၀ခန့်ရှိ ကွန်ကရစ်တံတားဖြစ်ပြီး ရေစီးကြောင့် ကျိုးကျမျောပါသွားခြင်းဖြစ်သည်။

#PeopleMedia #သဘာဝဘေး


Share this post