ပိုလန်တွင် မိုးကြိုးပစ်ခတ်မှုများကြောင့် ၄ ဦးသေ၊ လူ ၁၀၀ ၀န်းကျင် ဒဏ်ရာရရှိ

PUBLISHED - August 23, 2019
ပိုလန်နိုင်ငံမှာ မိုးကြိုးပစ်ခတ်မှုတွေကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
မိုးကြိုးအများစုဟာ နိုင်ငံတောင်ပိုင်း အထင်ကရ ဂီဝန်တောင်က တောင်တက်သ မားတွေအနီးကို ကျရောက်ခဲ့တာဖြစ်ပါတယ်။ အိမ်နီးချင်း ဆလိုဗေးကီးယားမှာလည်း မိုးကြိုးပစ်ခတ်မှုကြောင့် နောက် ထပ်တစ်ဦးသေဆုံးခဲ့ပြီး သေဆုံးခဲ့ကြသူတွေထဲမှာ ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိပါတယ်။
သေဆုံးမှုဟာ တောင်တန်းတွေရဲ့ မတူညီတဲ့နေရာတွေမှာဖြစ်ပွားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက ကယ်ဆယ်ရေးရဟတ်ယာဉ်လေးစီးစေလွှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
Ref;reuters