ပိုလန်က Bayraktar TB2 ဒရုန်းတွေ ပြုပြင်ထိန်းသိမ်းရေး အဆင့်မြှင့်တင်ဆောင်ရွက်မည်
PUBLISHED - October 23, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
ပိုလန်နိုင်ငံဟာ တူရကီစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး Baykar ကုမ္ပဏီနဲ့ လော်ဂျစ်စတစ်နဲ့ ပြုုပြင်ထိန်းသိမ်း မှုထောက်ပံ့ရေးသဘောတူညီချက် စာချုပ်အသစ်တစ်ရပ်ချုပ်ဆိုပြီး ၎င်းတို့ဝယ်ယူထားတဲ့ Bayraktar TB2 ၂၄ စင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
နေတိုးအဖွဲ့ထောက်ပံ့ရေးနဲ့ ဝယ်ယူရေးအေဂျင်စီ (NSPA) က စီစဉ်ဆာင်ရွက်ခဲ့တဲ့ ဒီစာချုပ်အရ အဆိုပါနည်းဗျူ ဟာမြောက်ဒရုန်းတွေ စစ်ဆင်ရေးဆောင်ရွက်နိုင်ရေး အသင့်ဖြစ်နေစေဖို့အတွက် သုံးနှစ်ကြာပြုပြင်ထိန်းသိမ်းမှု တွေကို ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။ သဘောတူစာချုပ်သက်တမ်းကို နောက်ထပ် နှစ်နှစ်အထိ ထပ်မံသက်တမ်းတိုးချဲ့လို့ရကြောင်း NSPA အဖွဲ့က ပြောပါတယ်။
“ဒီအစီအစဉ်ဟာ နေတိုးမဟာမိတ်နိုင်ငံတွေကို ထောက်ပံ့ရာမှာ NSPA အဖွဲ့ရဲ့ နောက်ထပ် နမူနာတစ်ခုပဲဖြစ်ပါ တယ်။ NSPA အဖွဲ့ဟာ ဒီကနေ့အချိန်မှာ နိုင်ငံတစ်နိုင်ငံနဲ့ အနာဂတ်ကာလမှာ တခြားနိုင်ငံတွေအတွက် အကျိုး ရှိနိုင်တဲ့ လက်ခံနိုင်ဖွယ်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ လော်ဂျစ်စတစ်နည်းလမ်းတွေကို ထောက်ပံ့နေတာဖြစ်ပါ တယ်။” လို့ NSPA အဖွဲ့ အထွေထွေမန်နေဂျာ စတေဆီကမ်းမိန်းက ပြောပါတယ်။
Bayraktar TB2 ဒရုန်းဟာ တိုက်ခိုက်ရေး၊ စစ်သတင်းစုဆောင်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ကင်း ထောက်တာဝန်တွေထမ်းဆောင်ဖို့အတွက် အလယ်အလတ်အမြင့်ပေကနေ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းအမျိုး အစားဖြစ်ပါတယ်။
တစ်ဆက်တည်း ၂၇ နာရီကြာပျံသန်းနိုင်တဲ့ Bayraktar TB2 ဒရုန်းဟာ အမြင့်ပေ ၁၈,၀၀၀ ဝန်းကျင်ကကနေ တစ်နာရီကို ရေမိုင် ၁၂၀ (၂၂၂ ကီလိုမီတာ/ ၁၃၈ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။
Bayraktar TB2 ဒရုန်းဟာ လက်နက်အလေးချိန် ၁၅၀ ကီလိုဂရမ် (ပေါင် ၃၃၀) သယ်ဆောင်နိုင်တဲ့အတွက် စစ်ဆင်ရေးအတွက် လေဆာပဲ့ထိန်းဒုံးကျည် ၄ လုံး သယ်ဆောင်နိုင်ပါတယ်။
ပိုလန်နို်င်ငံဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ သန်း ၂၇၀ တန်ဖိုးရှိ Bayraktar TB2 ဒရုန်း ၂၄ စင်းကို တူရကီနိုင်ငံက ဝယ်ယူခဲ့ရာ ၂၀၂၄ ခုနှစ် မေလအတွင်းက နောက်ဆုံးအသုတ် ဒရုန်းတွေ ရောက်ရှိလာခဲ့ပါတယ်။
အနာဂတ်ကာလ ပိုလန်နိုင်ငံက ဆောင်ရွက်မယ့်စစ်ဆင်ရေးတွေမှာ စွမ်းဆောင်ရည်မြင့်မားပြီး အားထားရ လောက်တဲ့လက်နက် ကောင်းတွေဖြစ်လာစေရေးအတွက် အခုလို ခေတ်မီ Bayraktar TB2 ဒရုန်းတွေအတွက် ပြုပြင်ထိန်းသိမ်းမှုတွေ ထောက်ပံ့ပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Poland to Enhance Bayraktar TB2 Drone Operability with New Contract
#PeopleMedia