ပိုလန်တပ်မတော်အတွက် ရာဖေးကုမ္ပဏီနဲ့ မက်စ်ကိုကုမ္ပဏီပူးပေါင်းပြီး Spike LR ဒုံးကျည်တွေ ထုတ်လုပ်သွား မည်
PUBLISHED - August 9, 2023
နိုင်ငံတကာ၊ သြဂုတ် ၉
ပိုလန်တပ်မတော်အတွက် Spike LR ဒုံးကျည်တွေထောက်ပံ့နိုင်ဖို့အတွက် အစ္စရေးရာဖေးကုမ္ပဏီ (Rafael Advanced Defense Systems) နဲ့ ပိုလန်မက်စ်ကိုကုမ္ပဏီတို့ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပိုလန်တပ်မတော်အတွက် ဒေါ်လာသန်း ၁၀၀ တန်ကြေးရှိ စပိုက်ဒုံးကျည်တွေထောက်ပံ့သွားဖို့အတွက် ကုမ္ပဏီ နှစ်ခုပူးပေါင်းပြီး ပြည်တွင်းမှာပဲ ထုတ်လုပ်သွားမှာလို့ ဆိုပါတယ်။
အခုစီမံချက်မစခင်ကတည်းက အဲဒီကုမ္ပဏီနှစ်ခုဟာ ၂၀၀၃ ခုနှစ်ကတည်းက ပိုလန်အစိုးရအတွက် စပိုက်ဒုံး ကျည် အစင်း ၃၀၀၀ ကျော် ထုတ်လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
“စပိုက်ဒုံးကျည်မိသားစုဟာ ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနကို ဒုံးကျည်တွေထောက်ပံ့ပေးခဲ့တာ အနှစ်နှစ်ဆယ် ဝန်းကျင်ရှိနေပါပြီ။ ကာလရှည်မိတ်ဖက်ကုမ္ပဏီအဖြစ် မက်စ်ကိုကုမ္ပဏီနဲ့ အခုလိုပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အ တွက် ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူပါတယ်။ အနာဂတ်ကာလမှာလည်း နောက်ထပ်သဘောတူညီမှုတွေထပ်မံ ပြုလုပ်နိုင်လိမ့်ဦးမယ်လို့လည်း ယုံကြည်ပါတယ်။” လို့ အစ္စရေးရာဖေးကုမ္ပဏီရဲ့ ကြည်း/ရေ လက်နက်စနစ်ဌာန အကြီးအကဲ ရန်းဂိုဇာလီက ပြောပါတယ်။
Spike LR ဒုံးကျည်ဟာ ဒုံးကျည်ထိပ်ဖူး ၄ ခုအထိ သယ်ဆောင်သွားနိုင်ပြီး စစ်သည်တစ်ဦးတည်းကပစ်ခတ်နိုင် တဲ့ ဆဋ္ဌမမြောက်မျိုးဆက် Spike (NLOS) ဒုံးကျည်ပေါ် အခြေခံတည်ဆောက်ထားတဲ့ ပဉ္စမမျိုးဆက်ဒုံးကျည် ဖြစ်ပါတယ်။
ဒီဒုံးကျည်ရဲ့ပစ်ခတ်နိုင်တဲ့အကွာအဝေးကတော့ ၅.၅ ကီလိုမီတာ (၃.၄ မိုင်) ဖြစ်ပါတယ်။
Spike LR ဒုံးကျည်ဟာ GPS jamming (ရေဒီယိုတန်ပြန်ထုတ်လွှင့်ချက်) ကို ရှောင်ရှားနိုင်ပြီး ပစ်ခတ်သူရဲ့လို အပ်ချက်အတိုင်း အနေအထားအမျိုးမျိုးကနေ နေရာယူပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
ရှေ့ပိုင်းကထွက်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ နှိုင်းယှဉ်ရင် Spike LR ဒုံးကျည်ဟာ ပိုမိုပေါ့ပါးပြီး စစ်သည်တစ်ဦးတည်းနဲ့ အဲဒီဒုံးလက်နက်စနစ်နဲ့ ဒုံးကျည်နှစ်စင်းအထိ သယ်ဆောင်သွားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီလက်နက်စနစ်ကို ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ အသုံးပြု နေတယ်လို့ သိရပါတယ်။
ဂရိတပ်မတော်အတွက် ဆဋ္ဌမမြောက်မျိုးဆက် Spike NLOS ဒုံးကျည်တွေ ထုတ်လုပ်ပေးဖို့အတွက် ဧပြီလအ တွင်းက အစ္စရေးနိုင်ငံနဲ့ ဂရိနိုင်ငံတို့ ဒေါ်လာ သန်း ၄၀၀ တန်စာချုပ်တစ်ခု လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဖင်လန်နိုင်ငံကလည်း ဂျာမန်-အစ္စရေးလက်နက်ထုတ်လုပ်ရေးကုမ္ပဏီ ယူရိုစပိုက် ကို Spike ဒုံးကျည်တွေထုတ်လုပ်ပေးဖို့အတွက် လုပ်ငန်းအပ်နှံခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်းကလည်း အာရှနိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော်က ၎င်းတို့ရေတပ်က အမြန်ရေယာဉ်မှာ Spike ဒုံးကျည်၊ ဆက်စပ်ပစ္စည်းတွေနဲ့ တခြားလက်နက်စနစ်တွေတပ်ဆင်ဖို့အတွက် အစ္စရေးရာဖေး ကုမ္ပဏီကို ဒေါ် လာ သန်း ၈၀ တန် ကန်ထရိုက်လုပ်ငန်းတစ်ခု အပ်နှံခဲ့ပါတယ်။
Ref: Poland Orders Hundreds of Locally-Made Spike Missiles from Rafael, Mesko
#PeopleMedia