• Follow Us on
Latest News

Home ပိုလန်ထုတ် စစ်သုံးဒရုန်းတွေဝယ်ယူဖို့ တောင်ကိုရီးယား စဉ်းစားနေ

ပိုလန်ထုတ် စစ်သုံးဒရုန်းတွေဝယ်ယူဖို့ တောင်ကိုရီးယား စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၀

 

တိုက်ခိုက်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံဟာ ပိုလန်နိုင်ငံထံက စစ်သုံးဒရုန်းတွေ ဝယ်ယူဖို့ စဉ်းစားနေပါတယ်။

 

ပိုလန်နိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်တွေကို သွားရောက်လေ့လာဖို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ပိုလန်နိုင်ငံ ကို စေလွှတ်သွားဖို့ တောင်ကိုရီးယားအစိုးရက စီစဉ်နေကြောင်း အစိုးရအာဏာပိုင်တွေက ဒေသတွင်းမီဒီယာ တွေကို ပြောပါတယ်။

 

ပိုလန်နိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်တွေဟာ ကိုရီးယားကျွန်းဆွယ်စစ်ဆင်ရေးတွေအတွက် အသုံးပြုဖို့ သင့် တော်မှုရှိမရှိ အဆိုပါကိုယ်စားလှယ်အဖွဲ့က ဆန်းစစ်လေ့လာအကဲဖြတ်သွားမှာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေမြင့်တက်နေစဉ် နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် ၎င်း တို့နိုင်ငံထုတ် လက်နက်စနစ်တွေကို စဉ်းစားကြည့်ဖို့ တောင်ကိုရီးယားကို အခုကြေညာချက်မထုတ်ပြန်ခင်က တည်းက ပိုလန်နိုင်ငံက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

ရလဒ်အဖြစ် ယူကရိန်းစစ်ပွဲမှာ ထိရောက်တဲ့တိုက်ခိုက်ရေးစွမ်းရည်တွေ ပြသနိုင်ခဲ့တဲ့ ပိုလန်ထုတ် ပွဲတွေ့လက် နက်စနစ်တွေကို စိတ်ဝင်စားကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

“ပိုလန်ဒရုန်းတွေဟာ လက်ရှိ စစ်မြေပြင်မှာအသုံးပြုနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့တပ်မတော်က အသုံး ပြုနိုင်မလားဆိုတာကို ကျွန်တော်တို့ ဆန်းစစ်လေ့လာသွားမှာပါ။” လို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာ နအရာရှိတစ်ဦးက ပြောပါတယ်။

 

ပိုလန်နိုင်ငံဟာ စစ်ဆင်ရေးအမျိုးမျိုးအတွက် ခေတ်မီ မောင်းသူမဲ့လေယာဉ်အမျိုးမျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲမှာအသုံးပြုနေတဲ့ ပိုလန်ထုတ် ဒရုန်းတွေဟာ ခြေလျင်စစ်သည်တွေ အလွယ်တကူ ထုပ်ပိုး သယ် ဆောင် အသုံးပြုနိုင်ပါတယ်။

 

အဲဒီဒရုန်းဟာ ရန်သူ့ပစ်မှတ်ကို ပိုမိုထောက်လှမ်းနိုင်ပြီး ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်အဖြစ် ပြောင်းလဲအသုံးပြုနိုင် တဲ့ဒရုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်မှာတော့ ပိုလန်နိုင်ငံဟာ ရှာဟဒ်ပုံစံ မောင်းသူမဲ့လေယာဉ်ဖြစ်တဲ့ HAASTA ဒရုန်းကို ထုတ်လုပ်ခဲ့ပြီး အဲဒီဒရုန်းမှာ ၅.၄၅ မမ စက်သေနတ်တစ်လက် တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

 

လွန်ခဲ့တဲ့လေးငါးလကတော့ ပိုလန်နိုင်ငံဟာ ၎င်းတို့တပ်မတော်အဆင့်မြှင့်တင်ရေးအတွက် တောင်ကိုရီးယားက စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံကထုတ် K2 Black Panther ပင်မတိုက်ပွဲဝင်တင့်ကား အစီး ၁၈၀ နဲ့ K9A1 ယာဉ်တင်ဟောက်ဝစ်ဇာအမြောက် ၂၁၂ စီး ဝယ်ယူဖို့ ဒေါ်လာ ၅.၇၆ ဘီလျံတန်ကြေးရှိ အရောင်းအဝယ် စာချုပ်ကို ပိုလန်နိုင်ငံက ခွင့်ပြုခဲ့ပါတယ်။

 

ဒါ့အပြင် ဒေါ်လာ ၁၃.၇ ဘီလျံ တန်ကြေးရှိ တောင်ကိုရီးယားထုတ် အပေါ့စားဂျက်တိုက်လေယာဉ် ၄၈ စင်းဝယ် ယူဖို့အတွက်လည်း ပိုလန်အစိုးရက တောင်ကိုရီးယားနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

 

Ref: South Korea Mulls Procuring Military Drones from Poland

 

#PeopleMedia


Share this post