ပိုလန်မှာရှိတဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းထိန်းသိမ်းရေးတပ်ရင်း ပထမဦးဆုံးအသုတ် တင့်ကားတွေ လက်ခံရရှိ
PUBLISHED - July 3, 2024
နိုင်ငံတကာ၊ ဇူလိုင် ၃
ပိုလန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသမှာ အသစ်ဖွင့်လှစ်ထားတဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းထိန်းသိမ်း ရေးတပ်ရင်းကိုရောက်ရှိလာတဲ့ ပထမဦးဆုံးအသုတ် တင့်ကား/ သံချပ်ကာယာဉ်တွေကို အမေရိကန်ကြည်းတပ် က လက်ခံ ရရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်လိုက်တဲ့ အမှတ် ၂ ပိုဗိဇ်ကြည်းတပ်စစ်လက်နက်ပစ္စည်းကြိုတင်နေရာချ ထားရေးတပ်ရင်း (Powidz APS-2) ကို နေတိုးအဖွဲ့ရဲ့ အရှေ့ဖျားစစ်တောင်ပံ့မှာ တပ်ဖြန့်ချထားတဲ့ သက်ဆိုင် ရာတပ်ဖွဲ့တွေအတွက် တင့်ကား/သံချပ်ကာယဉ်တွေကို ထိန်းသိမ်းထားပြီး လိုအပ်သလို ဖြန့်ဝေသွားဖို့အတွက် တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ပိုလန်နိုင်ငံမှာ အခုလိုတပ်ရင်း ဖွင့်လှစ်ထားရှိတဲ့အတွက် ဒေသတွင်းစစ်ပွဲတစ်ပွဲဖြစ်ပွားလာခဲ့ရင် လေ့ကျင့်သင် ကြားခြင်း၊ စစ်ဆင်ရေးတာဝန်များဆောင်ရွက်ခြင်း၊ တုံ့ပြန်ခြင်းတွေအတွက် လော်ဂျစ်စတစ်အချိန်တွေကို လျှော့ ချပေးနိုင်တယ်လို့ ဆိုပါတယ်။
Powidz APS-2 တပ်ရင်းဟာ ၂၀၂၅ ခုနှစ်မှာ လုပ်ငန်းစွမ်းဆောင်ရည်အပြည့်အဝရရှိလာရေး ကြိုတင်ပြင်ဆင်ဖို့ အတွက် M1A2 Abrams ပင်မတိုက်ပွဲဝင်တင့်ကား ၁၄ စီး၊ M88 ပြန်လည်ဆယ်တင်ရေး ယာဉ်တစ်စီးနဲ့ ဆက် စပ်ပစ္စည်းတွေကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။
Powidz APS-2 တပ်ရင်းဟာ လာမယ့်လပိုင်းအတွင်းမှာပဲ M1A2 ပင်မတိုက်ပွဲဝင်တင့်ကား၊ M2 Bradley ခြေလျင်တပ်ရင်းတိုက်ပွဲဝင်သံချပ်ကာယာဉ်၊ M109 Paladin ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်တွေနဲ့ တခြား မြေပြင်အခြေပြုလက်နက်စနစ်တွေ ရာနဲ့ချီပြီး လက်ခံရရှိသွားမယ်လို့ ခန့်မှန်းထားပါတယ်။
စနစ်အားလုံးအသင့်ဖြစ်ပြီဆိုတာနဲ့ အဲဒီတပ်ဖွဲ့လုပ်ငန်းတွေကို ဂျာမနီနိုင်ငံ ကိုင်ဆာဆလာတန်မြို့မှာ အခြေစိုက် ထားတဲ့ အမေရိကန်ကြည်းတပ် ဥရောပနဲ့ အာဖရိက ကွပ်ကွဲမှုအောက်ရှိ အမှတ် ၄၀၅ ကြည်းတပ်ထောက်ပံ့ရေး တပ်မကို တာဝန်ပေးသွားမှာဖြစ်ပြီး ဒေသတွင်းရှိ တခြား APS-2 တပ်ရင်းငါးရင်းနဲ့အတူ ပူးတွဲတာဝန်ထမ်း ဆောင် သွားမှာဖြစ်ပါတယ်။
“APS-2 တပ်ရင်းဆိုတာ အမိန့်ရတာနဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို အမြန်တပ်ဖြန့်ချထားနိုင်အာင် ဆောင်ရွက်ဖို့ ဖွဲ့ စည်းထားတဲ့တပ်ရင်းပါ။” လို့ အမှတ် ၄၀၅ ကြည်းတပ်ထောက်ပံ့ရေး တပ်မမှူး ဗိုလ်မှူးကြီး အားနက်လိန်းက ပြောပါတယ်။
အမေရိကန်ကြည်းအင်ဂျင်နီယာတပ်က အင်ဂျင်နီယာတွေ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့ Powidz APS-2 တပ်ဖွဲ့ဟာ အနှစ် ၃၀ အတွင်း နေတိုးအဖွဲ့နဲ့ ပင်တဂွန်စစ်ဌာနချုပ်က ရန်ပုံငွေထောက်ပံ့ထားတဲ့ အကြီးမားဆုံး စစ်စခန်းတစ်ခုဖြစ်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေ ပြုပြင်ထိန်းသိမ်းမှု၊ သိုလှောင်ထိန်းသိမ်းမှုနဲ့ ထောက်ပံ့မှုတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး တည်ဆာက်ထားတဲ့ အဲဒီနေရာဟာ စတုရန်းပေ ၆၅၀,၀၀၀ (၆၀,၃၈၆ စတုရန်းမီတာ) အကျယ်အဝန်းရှိပါ တယ်။
အဲဒီအထဲမှာ စတုရန်းပေ ၅၈၀၀၀ ကို ခဲယမ်းတွေ သိုလှောင်ထားမယ့်နေရာအတွက် ဆောက်လုပ်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် တပ်ရင်းဖွင့်ပွဲမှာ Powidz APS-2 တပ်ရင်းနေရာမှာ တင့်ကားအစီးရေ ၂၇၀၀ ဝန်းကျင် သိုလှောင် ထားနိုင်ကြောင်း အမေရိကန်ကြည်းတပ်က ပြောကြားခဲ့သလို မကြာသေးခင်က ထုတ်ပြန်ကြေညာချက်ထဲမှာ လည်း စစ်လက်နက်ပစ္စည်း ၅,၀၀၀ ကျော်ကို သိုလှောင်ထိန်းသိမ်းထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Ref: New US Army Storehouse in Poland Receives First Batch of Vehicles
#PeopleMedia