ပိုလန်လူမျိုးတွေကို ထပ်မံမစော်ကားဖို့ ဇလန်ဇကီကို ပိုလန်ဝန်ကြီးချုပ်သတိပေး
PUBLISHED - September 23, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၃
ပိုလန်ဝန်ကြီးချုပ် မက်သယူး မိုရာဝီရက်စကီက ပိုလန်လူမျိုးတွေကို ထပ်မံမစော်ကားခြင်းမပြုလုပ်ဖို့ ယူကရိန်း သမ္မတ ဇလန်ဇကီကို စက်တင်ဘာ ၂၂ ရက်နေ့က သတိပေးပြောကြားခဲ့ပါတယ်။
“မကြာသေးမီက ကုလသမဂ္ဂမိန့်ခွင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ စော်ကားမှုမျိုး နောက်ထပ်မလုပ်ဖို့ ဇလန်ဇကီကို သတိပေးချင်ပါတယ်။” လို့ စက်တင်ဘာ ၂၂ ရက်နေ့ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ချီတက်ပွဲမှာ မိုရာဝီရက်စကီ က ပြောပါတယ်။
ဇလန်ဇကီရဲ့ မကြာသေးခင်က ကုလသမဂ္ဂမိန့်ခွန်းအတွင်းမှာ ယူကရိန်း စပါးတင်သွင်းမှုကို ပိုလန်နိုင်ငံက ဆက်လက်ပိတ်ပင်ထားဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး ရုရှားရဲ့ နိုင်ငံရေးဇတ်ကောင်အဖြစ် ပိုလန်နိုင်ငံကို တင်စားပြောဆိုခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပိုလန်နဲ့ ယူကရိန်းတို့ကြား အငြင်းပွားမှုနဲ့ ဆက်ဆံရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒါတွေဟာ ယူကရိန်းစပါးတင်သွင်းမှုတားမြစ်ချက်ကို သက်တမ်းတိုးလိုက်တဲ့ ပိုလန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ် သက်နေပါတယ်။
စပါးတင်းသွင်းမှုနဲ့ ပတ်သက်လို့ဖြစ်ပေါ်ခဲ့တဲ့ ကနှစ်နိုင်ငံကြား တင်းမာမှုတွေကို ပိုလန်သမ္မတဒူဒါက ဖြေ လျှော့ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဝန်ကြီးချုပ် မိုရာဝီရက်စကီကတော့ စပါးအငြင်းပွားမှုကြောင့် ယူကရိန်းကို လက် နက်မပေးပို့တော့ဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။
ဒီအငြင်းပွားမှုက သမိုင်းကြောင်းအရ မဟာမိတ်ဖြစ်ခဲ့တဲ့ ပိုလန်နဲ့ ယူကရိန်းအကြား နီးကပ်တဲ့ ဆက်ဆံရေးကို အနှောက်အယှက်ဖြစ်စေခဲ့သလို မကြာခင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ ပိုလန်အာ ဏာရပါတီ (PiS) ဟာလည်း ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးက နေတိုးအဖွဲ့ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းရဲ့ အားထုတ်မှုတွေကို ပိုလန် နိုင်ငံက ဆက်လက်ထောက်ခံသွားမှာဖြစ်ပေမယ့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာဖို့ကတော့ သိသာထင်ရှားတဲ့ သံတမန်ရေးရာကြိုးပမ်းမှုတွေ လိုအပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref; aljazeera
#PeopleMedia