• Follow Us on

Home ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးသော ကုမ္ပဏီ (၅၉) ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းမှ ပယ်ဖျက်

ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးသော ကုမ္ပဏီ (၅၉) ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းမှ ပယ်ဖျက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်ကျန်ရှိသော ကုမ္ပဏီ (၁၃၇)ခုအနက် ပို့ကုန်ရငွေစာရင်းရှင်းလင်းပြီးသော ကုမ္ပဏီ (၅၉) ခုနှင့် ယင်းကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းမှပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေညာထားသည်။

 

၂၀၁၉ ခုနှစ်တွင် ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ ၁၃၇ ခုအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂-ကအရ အရေးယူဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်းနှင့် ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ကုမ္ပဏီများအားလည်း အရေးယူဆောင်ရွက်ရန် ဆက်လက်စိစစ်လျက်ရှိကြောင်း ၂၀၂၂ခုနှစ် ဇွန်လ ၄ရက်တွင် ထည့်သွင်းကြေညာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ယင်းကုမ္ပဏီ ၁၃၇ ခုအနက် ကုမ္ပဏီ ၅၉ ခုမှာ ပို့ကုန်ရငွေ အပြည့်အ၀ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် အဆိုပါကုမ္ပဏီ ၅၉ ခုနှင့် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာထားသည်။

 

#PeopleMedia


Share this post