ပိုႀကီးမား၊ လက္နက္ျပည့္စံုသည့္ေရတပ္ျဖစ္လာရန္ ပင္တဂြန္စီစဥ္ေန

PUBLISHED - September 18, 2020
ဝါ႐ွင္တန္၊ စက္တင္ဘာ ၁၇
တ႐ုတ္ႏိုင္ငံထံမွ ႀကီးထြားလာသည့္ေရေၾကာင္းစိန္ေခၚမႈမ်ားကိုရင္ဆိုင္ရန္ စီစဥ္ထားေသာ လူလိုက္ပါျခင္း မ႐ွိသည္သေဘၤာမ်ား၊ အသိဉာဏ္တုသံုးသေဘၤာမ်ား၊ ေရငုပ္သေဘၤာမ်ားႏွင့္ ေလယာဥ္မ်ားပါ၀င္သည့္ အေမရိကန္ေရတပ္ကိုခ်ဲ႕ထြင္ရန္ ရည္မွန္းခ်က္ႀကီးမားသည့္အစီအစဥ္တစ္ခုကို အေမရိကန္ကာကြယ္ေရး ၀န္ႀကီး မာ့က္အက္စပါက ဗုဒၶဟူးေန႔တြင္ေၾကညာသည္။
လက္႐ွိ႐ွိေနသည့္စစ္သေဘၤာ ၂၉၃ စင္းမွ ၃၅၅ စင္းအထိတိုးခ်ဲ႕မည့္ အေျပာင္းအလဲျဖစ္ႏိုင္သည့္အစီအစဥ္ကို အနာဂတ္ေ႐ွ႕သို႔ဟုအမည္ေပးထားသည့္ အေမရိကန္ေရတပ္အင္အားသံုးသပ္မႈတြင္ ပင္တဂြန္စစ္ဌာနခ်ဳပ္အ ႀကီးအကဲက ေျပာသည္။
လက္႐ွိအခ်ိန္မွစ၍ ၂၀၄၅ ခုႏွစ္အထိ အေမရိကန္ေရတပ္အတြက္ ေဒၚလာသန္းေပါင္းေသာင္းခ်ီလိုအပ္ေသာ အစီအစဥ္သည္ အေမရိကန္ျပည္ေထာင္စုအတြက္ ပင္မၿခိမ္းေျခာက္မႈဟု႐ွဳျမင္ေနေသာတ႐ုတ္ေရတပ္ထက္ စိုးမိုးမႈ႐ွိေရးရည္႐ြယ္ထားသည္။
တပ္အင္အားခ်ဲ႕ထြင္မႈတြင္ လူလိုက္ပါျခင္း႐ွိသည္ေရာ၊ မ႐ွိသည္မ်ားအျပင္ စက္အသိဉာဏ္ျဖင့္ထိန္းခ်ဳပ္မည့္ ေရမ်က္ႏွာျပင္ေပၚ၌ေသးငယ္ေသာသေဘၤာအမ်ားအျပား၊ ေရငုပ္သေဘၤာမ်ား၊ ငုပ္တစ္၀က္သေဘၤာမ်ား သာမက လူလိုက္ပါျခင္းမ႐ွိေသာ ေလယာဥ္တင္သေဘၤာအေျခစိုက္သေဘၤာမ်ားလည္းပါ၀င္သည္။
ျပင္းထန္ေသာပဋိပကၡတစ္ခုတြင္ သေဘၤာအုပ္စုတစ္စု႐ွင္သန္ႏိုင္စြမ္းပိုျမင့္မားရန္၊ အေမရိကန္အင္အားႏွင့္ ပါ၀င္မႈကိုႁမွင့္တင္ရန္ႏွင့္ အလြန္ကြာေ၀းေသာေနရာမ်ား၌ တိက်ေသာတိုက္ခိုက္မႈမ်ားျပဳလုပ္ရန္ ရည္႐ြယ္သည္။
Ref : Eyeing China, Pentagon plans larger, ‘more lethal’ navy
(unicode)
ပိုကြီးမား၊ လက်နက်ပြည့်စုံသည့်ရေတပ်ဖြစ်လာရန် ပင်တဂွန်စီစဉ်နေ
………………………………………………….
ဝါရှင်တန်၊ စက်တင်ဘာ ၁၇
တရုတ်နိုင်ငံထံမှ ကြီးထွားလာသည့်ရေကြောင်းစိန်ခေါ်မှုများကိုရင်ဆိုင်ရန် စီစဉ်ထားသော လူလိုက်ပါခြင်း မရှိသည်သင်္ဘောများ၊ အသိဉာဏ်တုသုံးသင်္ဘောများ၊ ရေငုပ်သင်္ဘောများနှင့် လေယာဉ်များပါဝင်သည့် အမေရိကန်ရေတပ်ကိုချဲ့ထွင်ရန် ရည်မှန်းချက်ကြီးမားသည့်အစီအစဉ်တစ်ခုကို အမေရိကန်ကာကွယ်ရေး ဝန်ကြီး မာ့က်အက်စပါက ဗုဒ္ဓဟူးနေ့တွင်ကြေညာသည်။
လက်ရှိရှိနေသည့်စစ်သင်္ဘော ၂၉၃ စင်းမှ ၃၅၅ စင်းအထိတိုးချဲ့မည့် အပြောင်းအလဲဖြစ်နိုင်သည့်အစီအစဉ်ကို အနာဂတ်ရှေ့သို့ဟုအမည်ပေးထားသည့် အမေရိကန်ရေတပ်အင်အားသုံးသပ်မှုတွင် ပင်တဂွန်စစ်ဌာနချုပ်အ ကြီးအကဲက ပြောသည်။
လက်ရှိအချိန်မှစ၍ ၂၀၄၅ ခုနှစ်အထိ အမေရိကန်ရေတပ်အတွက် ဒေါ်လာသန်းပေါင်းသောင်းချီလိုအပ်သော အစီအစဉ်သည် အမေရိကန်ပြည်ထောင်စုအတွက် ပင်မခြိမ်းခြောက်မှုဟုရှုမြင်နေသောတရုတ်ရေတပ်ထက် စိုးမိုးမှုရှိရေးရည်ရွယ်ထားသည်။
တပ်အင်အားချဲ့ထွင်မှုတွင် လူလိုက်ပါခြင်းရှိသည်ရော၊ မရှိသည်များအပြင် စက်အသိဉာဏ်ဖြင့်ထိန်းချုပ်မည့် ရေမျက်နှာပြင်ပေါ်၌သေးငယ်သောသင်္ဘောအများအပြား၊ ရေငုပ်သင်္ဘောများ၊ ငုပ်တစ်ဝက်သင်္ဘောများ သာမက လူလိုက်ပါခြင်းမရှိသော လေယာဉ်တင်သင်္ဘောအခြေစိုက်သင်္ဘောများလည်းပါဝင်သည်။
ပြင်းထန်သောပဋိပက္ခတစ်ခုတွင် သင်္ဘောအုပ်စုတစ်စုရှင်သန်နိုင်စွမ်းပိုမြင့်မားရန်၊ အမေရိကန်အင်အားနှင့် ပါဝင်မှုကိုမြှင့်တင်ရန်နှင့် အလွန်ကွာဝေးသောနေရာများ၌ တိကျသောတိုက်ခိုက်မှုများပြုလုပ်ရန် ရည်ရွယ်သည်။
Ref : Eyeing China, Pentagon plans larger, ‘more lethal’ navy