• Follow Us on
Latest News

Home ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရေးအတွက် ဒီဇင်ဘာလ ၁၆ ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုသွားမည်ကြောင်း စီးကူးထုတ်ပြန်

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရေးအတွက် ဒီဇင်ဘာလ ၁၆ ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုသွားမည်ကြောင်း စီးကူးထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ (People Media)

 

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရေးအတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ သွင်းကုန် လိုင်စင်လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

 

ပြည်ပမှ တင်သွင်းသည့်ကုန်စည်များနှင့် စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည် လိုင်းအဖြစ် 2017 Customs Tariff of Myanmar အရ HS.Code 6 digit ဖြင့် ကုန်စည် (၁၄၂၈) လိုင်း သို့မဟုတ် HS. Code 10 digit ဖြင့် ကုန်စည်(၃၀၇၀)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ သတ်မှတ်ကြောင်း သိရသည်။

 

ထိုသို့ ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်၍ ပူးတွဲပါ ကုန်စည်လိုင်းများအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် သတ်မှတ်ထားသော်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်း ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သွင်းကုန်လိုင်စင်လျှောက်ထားမှုများရှိပါက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #စီးပွားကူးသန်း

 

(unicode)


……………………………………………………………….

 


 


 


 


 



Share this post