• Follow Us on
Latest News

Home ပီတာလုံလောက်တဲ့မဲမရရှိခဲ့တဲ့အတွက် Move Forward ပါတီ အရေးပေါ်အစည်းအဝေးကျင်းပ

ပီတာလုံလောက်တဲ့မဲမရရှိခဲ့တဲ့အတွက် Move Forward ပါတီ အရေးပေါ်အစည်းအဝေးကျင်းပ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၅

 

Move Forward ပါတီဟာ ၎င်းတို့ပါတီက အမည်စာရင်းပေးထားတဲ့ဝန်ကြီးချုပ်လောင်း လွှတ်တော်ထဲမှာ မဲအ များမရခဲ့တဲ့အတွက် ဆက်လက်ဆောင်ရွက်ရမယ့်အဆင့်တွေကို ဆွေးနွေးဖို့ ၎င်းတို့ပါတီဝင်လွှတ်တော်အမတ် တွေကို စုဝေးပြီး အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါတယ်။

 

Move Forward ပါတီခေါင်းဆောင်ပီတာလင်းဂျားရင်းနတ်ဟာ ထိုင်းဝန်ကြီးချုပ်အတွက် တစ်ဦးတည်းသောအ မည်စာရင်းတင်သွင်းခံရသူဖြစ်ပြီး ကြာသပတေးနေ့က မဲပေးရွေးချယ်ပွဲမှာ လွှတ်တာ်အမတ်တွေက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၁၈၂ မဲနဲ့ ကြားနေမဲ ၁၉၉ မဲ ပေးခဲ့ကြပါတယ်။

 

ပီတာဟာ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် အောက်လွှတ်တော်အမတ် ၅၀၀ နဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ရှိတဲ့ အထဲက ထောက်ခံမဲ ၃၇၆ မဲ (သတင်းအများစုမှာ ၃၇၅ မဲလို့ရေး) လိုအပ်မှာဖြစ်ပါတယ်။

 

ပီတာနဲ့ ပါတီကတခြားထိပ်တန်းပါတီဝင်တွေဟာ လွှတ်တော်ဆောက်အအုံထဲမှာကျင်းပတဲ့ အဲဒီအရေးပေါ်အ စည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။

 

Move Forward ပါတီရဲ့ဒုတိယခေါင်းဆောင် နတ်သာဝပ်ဘူပရာထမ်ကတော့ “ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်။” လို့ သောကြာနေ့ (ဇူလိုင်၁၄ ရက်) က ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ဒုတိယအကြိမ်ဝန်ကြီးချုပ်ရွေးချယ်ရေးမဲပေးပွဲကို အစီအစဉ်အတိုင်း ဇူလိုင်လ ၁၉ ရက်နေ့မှာ ဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမက်နော်မာသာက သောကြာနေ့က ပြောပါတယ်။

 

ဒါပေမဲ့ “ကြာသပတေးနေ့က မဲပေးပွဲမှာ လုံလောက်တဲ့မဲမရရှိခဲ့တဲ့ ပီတာကို နောက်တစ်ကြိမ်အမည်စာရင်းတင် သွင်းဖို့ ရှိ/မရှိ ဆိုတာ ပြောပေးဖို့” မေးမြန်းတဲ့အခါ မစ္စတာဝန်နော်က ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။

 

“ဒီကိစ္စနဲ့ပတ်သက်ပြီး အခုအချိန်မှာ ကျွန်တော်မပြောနိုင်ပါဘူး။ အဲဒီကိစ္စက လွှတ်တော်အစည်းအဝေးအပေါ်မှာ ပဲ မူတည်ပါတယ်။ ကျွန်တော့်အနေနဲ့က ဘက်မလိုက်ဘဲကြားနေအဖြစ်ရပ်တည်နေရမှာပါ။ ကျွန်တော်တို့လုပ်ဖို့ လိုတာက စည်းမျဉ်းတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို အကြံပေးရမှာဖြစ်သလို လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်ချက်တွေကို နားထောင်ရမှာဖြစ်ပါတယ်။” လို့ ဝန်နော်က ပြောပါတယ်။

 

ဖီယူထိုင်းပါတီရဲ့ခေါင်းဆောင် ချိုနန်ဆရီကွေးကတော့ ၎င်းတို့ပါတီအနေနဲ့ Move Forward ပါတီကဦးဆောင် နေတဲ့ လက်ရှိညွန့်ပေါင်း ၈ ပါတီအဖွဲ့ထဲမှာပဲ ဆက်လက်တည်ရှိနေမှာဖြစ်သလို ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့အ တွက် ၎င်းတို့ပါတီမှာ ဒုတိယအစီအစဉ်မရှိကြောင်း သောကြာနေ့က ပြောပါတယ်။

 

ရွေးကောက်ပွဲမှာ ၁၅၁ မဲရရှိခဲ့တဲ့ Move Forward ပါတီပြီးရင် မဲ ၁၄၁ မဲရရှိခဲ့တဲ့ ဖီယူထိုင်းပါတီဟာ ညွန့်ပေါင်း အဖွဲ့ထဲမှာ ဒုတိယမဲအများဆုံးရရှိထားတဲ့ ပါတီကြီးဖြစ်ပါတယ်။

 

ပီတာအတွက် ထောက်ခံမဲအများစုရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်ရေးအ တွက် Move Forward ပါတီနဲ့အစည်းအဝေးလုပ်ဖို့ ဖီယူထိုင်းပါတီက စောင့်နေကြောင်း ချိုနန်က ပြောပါတယ်။

 

ဝန်ကြီးချုပ်လောင်းဟာ ပီတာဖြစ်ဖြစ် Move Forward ပါတီပါဝင်နေတဲ့ ညွန့်ပေါင်းအဖွဲ့ထဲက တခြား ဘယ်သူပဲ ဖြစ်ဖြစ် အထက်လွှတ်တော်အမတ်အများအပြားက ကန့်ကွက်မဲပေးမှာဖြစ်တဲ့အတွက် ဒီကိစ္စဟာ အတော်လေး ခက်ခဲတဲ့ကိစ္စဖြစ်ကြောင်း ၎င်းက ဝန်ခံပြောဆိုပါတယ်။

 

ကြာသပတေးနေ့က ဆွေးနွေးငြင်းခုန်တဲ့ပွဲမှာ ပီတာကို ကန့်ကွက်မဲပေးဖို့ပြောဆိုခဲ့တဲ့ အထက်လွှတ်တော် အ မတ်နဲ့ အောက်လွှတ်တော်အမတ်လေးငါးဦးက “ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ Move Forward ပါတီရဲ့အစီအစဉ်ဟာ ထိုင်းဘုရင်စနစ်ကို မှေးမှိန်သေးသိမ်အောင် လုပ်တာဖြစ်သလို နိုင်ငံမတည်ငြိမ်အောင်လုပ်တာလည်းဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။

 

ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို အကာအကွယ်ပေးထားတဲ့ အဲဒီဥပဒေပြင်ဆင်ရေးကိစ္စဟာ ပီတာဝန်ကြီးချုပ် ဖြစ်ဖို့ အဓိကအတားအဆီးတစ်ခုဖြစ်နေပေမဲ့ အဲဒီဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ ပါတီရဲ့မူဝါဒကို နောက်မဆုတ်တဲ့ Move Forward ပါတီရဲ့ ခိုင်မာပြတ်သားတဲ့သံန္နိဋ္ဌာန်စိတ်ဓာတ်ကိုလည်း ချိုနန်က ချီးကျူးလိုက်ပါတယ်။

 

ပါလန်ပရာချာရတ်ပါတီဟာ ညွန့်ပေါင်းအဖွဲ့ထဲကထွက်ပြီး ၎င်းတို့ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာဝတ်ဝန်ဆူ ဝန်ကို ဇူလိုင်လ ၁၉ ရက်နေ့မှာကျင်းပမယ့် ရွေးချယ်ပွဲမှာ ဝန်ကြီးချုပ်အဖြစ်အမည်စာရင်းတင်သွင်းမယ်လို့ သ တင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး မေးတဲ့အခါ “ဖီယူထိုင်းပါတီနဲ့ Move Forward ပါတီဟာ လူနည်းစု အစိုးရဖွဲ့ဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး။” လို့ ချိုနန်က ပြန်ဖြေခဲ့ပါတယ်။

 

“အကောင်းဆုံးအစိုးရဆိုတာ နိုင်ငံရဲ့အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်အောင် အကောင်းဆုံးဆောင်ရွက်နိုင်တဲ့အစိုးရ ကိုခေါ်တာပါ။ အဲဒီအစိုးရထဲမှာ ဖီယူထိုင်းပါတီနဲ့ Move Forward ပါတီတို့ပါဝင်ပါတယ်။” လို့ ဖီယူထိုင်းပါတီ ခေါင်းဆောင်က ပြောပါတယ်။

 

Ref: Move Forward urgently planning next steps after Pita fails in PM vote: The Nation

 

#PeopleMedia


Share this post