• Follow Us on
Latest News

Home ပီတာလွှတ်တော်အမတ်အဖြစ်ရပ်ဆိုင်းခံရပြီးနောက် အစိုးရသစ်ဖွဲ့စည်းဖို့ ဖီယူထိုင်းပါတီ အလားအလာကောင်း

ပီတာလွှတ်တော်အမတ်အဖြစ်ရပ်ဆိုင်းခံရပြီးနောက် အစိုးရသစ်ဖွဲ့စည်းဖို့ ဖီယူထိုင်းပါတီ အလားအလာကောင်း

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၀

 

ထိုင်းလွှတ်တော်က ဗုဒ္ဓဟူးနေ့က Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံမှာကို ပယ်ချလိုက်ပြီးနောက်မှာ ဖီယူထိုင်းပါတီဟာ အစိုးရသစ်ဖွဲ့စည်းဖို့ ပိုပြီးအလားအလာကောင်း ခိုင်မာတဲ့ပါတီတစ်ရပ်ဖြစ်လာပါတယ်။

 

လွှတ်တော်စည်းမျဉ်းအမှတ် ၄၁ အရ မစ္စတာပီတာရဲ့အမည်စာရင်းတင်သွင်းခွင့်ကို ပိတ်ပင်လို့ရမရ ၇ နာရီ ကျော်ကြာ ဆွေးနွေးငြင်းခုန်ပြီးနောက်မှာ အထက်လွှတ်တော်အမတ်/အောက်လွှတ်တော်အမတ်ပူးပေါင်းအဖွဲ့ မဲအများစုက လွှတ်တော်စည်းမျဉ်းအတိုင်းဆောင်ရွက်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

 

လွှတ်တော်စည်းမျဉ်းအရ ပထမတစ်ကြိမ်ရှုံးနိမ့်ပြီးသားလွှတ်တော်အမတ်ကို နောက်ထပ်တစ်ကြိမ် အမည်စာ ရင်းတင်သွင်းခွင့်ကို ပိတ်ပင်တားမြစ်ထားပါတယ်။

 

ပထမအကြိမ်ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ မစ္စတာပီတာလုံလောက်တဲ့မဲမရရှိခဲ့တဲ့အချိန်မှာ ဇူလိုင်လ ၁၃ ရက်နေ့က ပီတာရဲ့အမည်စာရင်းတင်သွင်းမှုနဲ့ပတ်သက်ပြီး လွှတ်တော်က ပယ်ချခဲ့ပြီးဖြစ်ကြောင်း လွှတ်တော်အမတ်တွေ က ငြင်းခုန်ခဲ့ကြပါတယ်။

 

လက်ရှိအချိန်မှာတော့ ဖီယူထိုင်းပါတီဟာ အစိုးရသစ်ဖွဲ့ဖို့ တစ်ပြေးနေတဲ့ပါတီဖြစ်နေပြီး ဖီယူထိုင်းပါတီအနေနဲ့ ၎င်းတို့ သဘောတူညီခဲ့တဲ့အတိုင်း Move Forward ပါတီရဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာပဲ ဆက်နေမလား၊ Move Forward ပါတီကို ဖယ်ရှားပြီး တခြားပါတီတွေ၊ မကြာခင်အစိုးရအဖွဲ့ကထွက်ခွာရတော့မယ့်အဖွဲ့ထဲက ပါတီတွေ နဲ့ ပေါင်းပြီးနောက်ထပ် ညွန့်ပေါင်းအဖွဲ့သစ်ဖွဲ့မလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြကြောင်း လေ့လာ သူတွေက ပြောပါတယ်။

 

မကြာခင်အနားယူတော့မယ့် အစိုးရအဖွဲ့ထဲမှာပါဝင်တဲ့ ဖုန်ဂျိုင်ထိုင်းပါတီ၊ ပါလန်ပရာချာရတ်ပါတီနဲ့ ချတ်ထိုင်း ပတ္တနာပါတီတို့ဟာ ထိုင်းဘုရင်နဲ့ တော်ဝင်မိသားစုကို ဝေဖန်ရင်အရေးယူတဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ်ဆိုတဲ့ Move Forward ပါတီရဲ့ အစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်တဲ့ပါတီတွေဖြစ်ပါတယ်။

 

အဲဒီပါတီတွေက ၎င်းတို့အနေနဲ့ Move Forward ပါတီအစိုးရအဖွဲ့ထဲမှာပါမယ်ဆိုရင် အဲဒီအစိုးရအဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်မှာမဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြေညာထားပြီးဖြစ်ပါတယ်။

 

အစည်းအဝေးအပြီးမှာတော့ ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီကောက “လောလောဆယ် ဖီယူထိုင်းပါတီ အနေနဲ့ တခြားညွန့်ပေါင်းမဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းထားဆဲပဲရှိပါသေးတယ်။ ညွန့်ပေါင်းအဖွဲ့ဝင် ရှစ်ပါတီဟာ ဆွေးနွေးနေတုန်းမို့လို့ ကျွန်တော်တို့သဘောတူထားတဲ့ နားလည်မှုစာချွန်လွှာ ပြန်လည်ပြင်မဆင်မလား၊ မပြင် ဆင်ဘူးလားဆိုတာကို အသေးစိတ် မဆုံးဖြတ်နိုင်သေးပါဘူး။ နောက်ထပ် တခြားပါတီတွေကို ညွန့်ပေါင်းအဖွဲ့ထဲ ပေါင်းစည်းခွင့်ပြုဖို့အတွက်လည်း ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမှာပါ။” လို့ ပြောပါတယ်။

 

အောက်လွှတ်တော်ဥက္ကဋ္ဌဒေါက်တာ ဝန်မူဟာမက်နော်မာသာက နောက်ထပ်ဝန်ကြီးချုပ်ရွေးကောက်ပွဲကို လာ မယ့် ကြာသပတေးနေ့ (ဇူလိုင်လ ၂၇ ရက်နေ့) မှာ ကျင်းပဖို့ အစီအစဉ်ရေးဆွဲထားကြောင်းကိုလည်း ဒေါက်တာ ချိုနန်က ပြောပါတယ်။ ဖုန်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနူတင်ချန်းဗီရာကူလ်က ၎င်းတို့ပါတီအနေနဲ့ ပုဒ်မ ၁၁၂ ကို ပြင်ဆင်မယ့် ဘယ် လိုကြိုးပမ်းမှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ထပ်မံပြောကြားလိုက်ပါတယ်။

 

“ဖီယူထိုင်းပါတီ အစိုးရဖွဲ့စည်းရာမှာ ခေါင်းဆောင်ဖြစ်လာခဲ့ပေမဲ့ ညွန့်ပေါင်းအဖွဲ့ထဲမှာ ပုဒ်မ ၁၁၂ ကို ပြင်ဆင် မယ့် Move Forward ပါတီပါဝင်နေဦးမယ်ဆိုရင် ကျွန်တော်တို့ အဲဒီအဖွဲ့ထဲကို ဝင်မှာမဟုတ်ပါဘူး။ ကျွန်တော် တို့ လူနည်းစုအစိုးရကိုလည်း အလိုမရှိပါဘူး။” လို့ မစ္စတာအနူတင်က ပြောပါတယ်။

 

ချတ်ထိုင်းပတ္တနာပါတီခေါင်းဆောင် ဗာရာဝတ်ဆေလ်ပါအာချာကလည်း ၎င်းတို့ပါတီအနေနဲ့ Move Forward ပါတီက ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့ပြောနေသရွေ့ Move Forward ပါတီနဲ့ လက်တွဲအလုပ်လုပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

 

Ref: Pheu Thai primed to form govt: Bangkok Post

 

#PeopleMedia


Share this post