• Follow Us on
Latest News

Home ပီတာဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွား

ပီတာဝန်ကြီးချုပ်ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးသွား

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၃

 

ထိုင်းလွှတ်တော်က ဇူလိုင်လ ၁၃ ရက်နေ့ (ကြာသပတေးနေ့) မှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့ပြင်ဆင်နေစဉ်အ တွင်း Move Forward ပါတီအကြီးအကဲ ပီတာလင်းဂျားရင်းနတ်ရဲ့ ဝန်ကြီးချုပ်ဖြစ်နိုင်တဲ့အခွင့်အလမ်းဟာ နည်း ပါးသွားတယ်လို့ဆိုပါတယ်။

 

ဝန်ကြီးချုပ်အဖြစ်ယှဉ်ပြိုင်မယ့် ပီတာဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့သလားဆိုတာ စစ်ဆေးဖို့ ထိုင်း ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို မေတ္တာရပ်ခံခဲ့ပါတယ်။

 

ဒါအပြင် ပီတာကို အောက်လွှတ်တော်အမတ်အဖြစ်ကနေ ခေတ္တရပ်ဆိုင်းထားဖို့ကိုလည်း ရွေးကောက်ပွဲကော်မ ရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တင်ပြခဲ့ပါတယ်။

 

အခုပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးလုပ်ရပ်ဟာ အောက်လွှတ်တော်အမတ် ၅၀၀ နဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ပေါင်းပြီး လွှတ်တော်ထဲမှာမဲပေးရွေးချယ်မယ့် ဝန်ကြီးချုပ်ရွေးချယ်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိလာမှာဖြစ်ပါတယ်။

 

ဒီပြဿနာဟာ ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးလွတ်လပ်တဲ့သတင်းမီဒီယာတစ်ခုဖြစ်တဲ့ iTV ကုမ္ပဏီရဲ့အစုရှယ်ယာ ၄၂၀၀၀ ကို ပီတာကပိုင်ဆိုင်ထားတယ်ဆိုတဲ့အကြောင်းအရာကနေ မြစ်ဖျားခံလာတာဖြစ်ပါတယ်။ iTV ကုမ္ပဏီ ဟာ ၂၀၀၇ ခုနှစ်ကတည်းက မီဒီယာကုမ္ပဏီအဖြစ် လုပ်ငန်းဆောင်ရွက်ခြင်းမရှိတော့ဘူးလို့ဆိုပါတယ်။

 

ပီတာအနေနဲ့ မေလ ၁၄ ရက်နေ့က ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စာရင်းသွင်းထားချိန်မှာ မီဒီ ယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေပိုင်ဆိုင်ထားတာကို စစ်ဆေးတွေ့ရှိရကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ကြေညာခဲ့ပါတယ်။

 

ပီတာကိစ္စနောက်ဆုံးဆုံးဖြတ်ချက်ချဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုတင်ပြသွားဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉၈ နဲ့ ၁၀၁ အရ ပီတာကို လွှတ်တော်အမတ်အဖြစ်ကနေ ရပ်ဆိုင်းထားဖို့ ရွေး ကောက်ပွဲကော် မရှင်က ပြောဆိုခဲ့ပါတယ်။

 

ပုဒ်မ ၉၈ မှာ လွှတ်တော်အမတ်လောင်းတစ်ဦးဟာ သတင်းစာ/ မီဒီယာကုမ္ပဏီတစ်ခုခုမှာ အစုရှယ်ယာတွေ ပိုင် ဆိုင်တာကို ပိတ်ပင်တားမြစ်ထားပြီး အဲဒီအပိုဒ် ၉၈ ကို ကျူးလွန်တဲ့သူကို အောက်လွှတ်တော်အမတ်အဖြစ်က န ရပ်ဆိုင်းထားဖို့ ပုဒ်မ ၁၀၁ မှာ ပြဋ္ဌာန်းထားပါတယ်။

 

ရွေးကောက်ပွဲကော်မရှင်ရဲ့တင်ပြချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက မဆုံးဖြတ်ရသေးတဲ့အတွက် ဇူလိုင် လ ၁၃ ရက်နေ့မှာကျင်းပမယ့် ဝန်ကြီးချုပ်သစ်ရွေးချယ်ပွဲကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပသွားသင့်တယ် လို့ ဆိုပါတယ်။

 

အထက်လွှတ်တော်အမတ်အများအပြားဟာ ပီတာကို ဝန်ကြီးချုပ်အဖြစ်မဲပေးရွေးချယ်ခြင်းမပြုဖို့အတွက် ရွေး ကောက်ပွဲကော်မရှင်ရဲ့ဆောင်ရွက်ချက်ကို အကြောင်းပြချက်တစ်ရပ်အဖြစ် အသုံးပြုသွားလိမ့်မယ်လို့ နိုင်ငံရေး ဆန်းစစ်လေ့လာသူအများအပြားက ပြောပါတယ်။

 

လွှတ်တော်အမတ်တွေဟာ အရည်အချင်းပြည့်မီတဲ့ ဝန်ကြီးချုပ်ကို ရွေးချယ်ရမှာဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၅၉ မှာပြဋ္ဌာန်းထားသလို ဝန်ကြီးချုပ်လောင်းဟာ သတင်းစာ/ မီဒီယာကုမ္ပဏီတစ်ခုခုမှာ အစုရှယ် ယာတွေ ပိုင်ဆိုင်ထားတာမရှိစေရဘူးဆိုတဲ့ ပုဒ်မ ၁၆၀ ပါ တားမြစ်ချက်တွေနဲ့လည်း လွတ်ကင်းရမှာဖြစ်ပါ တယ်။

 

Ref: Pita’s chance of becoming next prime minister shrinks on eve of Parliamentary vote: Thai PBS

 

#Newvisionmedia


Share this post