ပီတာအစုရှယ်ယာကိစ္စ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တင်သွင်းဖို့ ထိုင်းရွေးကော်ဆုံးဖြတ်လိုက်ပြီး ပီတာကို ကိုယ်စားလှယ်တာဝန်က ချက်ချင်းရပ်ဆိုင်းထားရန် တောင်းဆို

PUBLISHED - July 12, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၂
ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျားရင်းနတ်ရဲ့ iTV အစု ရှယ်ယာကိစ္စကို ထည့်သွင်းစဉ်းစားဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တင်သွင်းသွားဖို့ ဇူလိုင်လ ၁၂ ရက်နေ့မနက်ပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင်လာမယ့် ပီတာကိစ္စတွေကို တရားရုံးက စဉ်းစားချင့်ချိန်ဖို့အတွက် သုံးရက်အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ တရားရုံးက ဆုံးဖြတ်ချက်တစ်ခုခု ထွက်မလာမချင်း ဝန်ကြီးချုပ်အရွေးခံဖို့ြ့ပင်ဆင်နေတဲ့ ပီတာကို လွှတ် တော်ကိုယ်စားလှယ်တာဝန်က ချက်ချင်းရပ်ဆိုင်းထားဖို့ ရွေး ကောက်ပွဲကော်မရှင်က တရားရုံးကို တင်ပြထား ပါတယ်။
ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းသွင်းချိန်မှာ ပီတာဟာ မီဒီယာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ iTV မှာ အစုရှယ်ယာပေါင်း ၄၂,၀၀၀ ကိုပိုင်ဆိုင်ခဲ့တာကို လုံလောက်တဲ့ သက်သေအ ထောက်အထားရှိကြောင်း ပြောဆိုထားတဲ့ အချက်အလက်ရှာဖွေရေးကော်မတီရဲ့ မှတ်ချက်ကို ရွေးကောက်ပွဲ ကော်မရှင်က သဘောတူခဲ့ပါတယ်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်သစ်ရွေးချယ်နိုင်ဖို့အတွက် ဇူလိုင်လ ၁၃ ရက်နေ့မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ် တော်နှစ်ရပ်ပေါင်း အစည်းအဝေးမကျင်းပခင် တစ်ရက်အလိုမှာ အခုလို ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ် ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၎င်းတို့ရဲ့ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၇ အရ ရွေးကောက်ပွဲကော်မရှင်ရဲ့ရုံးတွင်းဥပဒေကို ဖောက်ဖျက်ခဲ့တာဖြစ်ကြောင်း Move Forward ပါတီက တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။
BREAKING – EC sends Pita shareholding case to Charter Court
#PeopleMedia