• Follow Us on
Latest News

Home ပီတာအမည်စာရင်းတင်သွင်းခွင့် လွှတ်တော်ကပယ်ချတာကို ထိုင်းဥပဒေရေးရာကျွမ်းကျင်သူတချို့ စောဒ ကတက်

ပီတာအမည်စာရင်းတင်သွင်းခွင့် လွှတ်တော်ကပယ်ချတာကို ထိုင်းဥပဒေရေးရာကျွမ်းကျင်သူတချို့ စောဒ ကတက်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၂၁

 

ထိုင်းနိုင်ငံမှာ လွှတ်တော်စည်းမျဉ်း ၄၁ အရ Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျားရင်းနတ်ကို ဝန် ကြီးချုပ်လောင်းအဖြစ်အမည်စာရင်းထပ်မံတင်သွင်းခွင့်ပိတ်ပင်ဖို့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ဟာ ဖွဲ့ စည်းပုံအခြေခံဥပဒေကို မလွှမ်းမိုးနိုင်ဘူးလို့ ထိုင်းဥပဒေရေးရာကျွမ်းကျင်သူတချို့နဲ့ နိုင်ငံရေးသိပ္ပံပညာ ရှင်တချို့က ပြောကြားလိုက်ပါတယ်။

 

နိုင်ငံတော်ရဲ့အမြင့်ဆုံးဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လွှတ်တော်တွင်းအစည်းအဝေးစည်းမျဉ်း တွေထက် ဥပဒေကြောင်းအရ ပိုမိုမြင့်မားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့သူ ဘိုဝန်းဆတ်ယူဝါနိုရဲ့ ပြောဆိုချက်ကို ချူလာလောင်ကွန်တက္ကသိုလ် ဥပဒေမဟာဌာန ကထိက ပါမောက္ခ တန်ထောင်းချန်ဒရာ ဆူက ပြန်လည်မျှဝေတာဖြစ်ကြောင်း ပြောပါတယ်။

 

ဝန်ကြီးချုပ်အတွက် အမည်စာရင်းတင်သွင်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၉ နဲ့ ပုဒ်မ ၂၇၂ နဲ့အညီ သီး ခြားဥပဒေအရ တင်သွင်းတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်လောင်းအမည်စာရင်းအတွက် အဆိုတင်သွင်းခြင်းကို အနည်းဆုံး လွှတ်တော်အမတ် ၁၀ ဦးက ထောက်ခံရမယ်လို့ စည်းမျဉ်းအမှတ် ၂၉ မှာ ပြဋ္ဌာန်းထားတာနဲ့ နှိုင်းယှဉ်ရင် ဝန်ကြီးချုပ်လောင်းအတွက် အမည် စာရင်းတင်သွင်းခြင်းကို အောက်လွှတ်တော်အမတ် ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် အောက်လွှတ်တော် အမတ် ၅၀ ထက် မနည်းကထောက်ခံရမယ်လို့ လွှတ်တော်အစည်းအဝေးစည်းမျဉ်း အခန်း ၉ မှာ ရှင်းရှင်း လင်းလင်းဖွင့်ဆိုပြထားကြောင်း ၎င်းက ဖြည့်စွက်ပြောပါတယ်။

 

“အဆိုပြုချက်” ဆိုတဲ့စကားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၇ နဲ့ ပုဒ်မ ၂၇၂ မှာ မတွေ့နိုင်ကြောင်း ပါ မောက္ခ တန်ထောင်းက ထောက်ပြပါတယ်။

 

ဥရောပတိုက်က ဒီမိုကရေစီနိုင်ငံတချို့မှာ ဝန်ကြီးချုပ်လောင်းတစ်ဦးဟာ လွှတ်တော်တွင်းမှာ လုံလောက် တဲ့ ထောက်ခံမဲမရမချင်း ၎င်းအမည်စာရင်းကို ထပ်ခါထပ်ခါ အကြိမ်ကြိမ်ပြန်တင်နိုင်တဲ့အတွက် ဝန်ကြီး ချုပ်ရွေး ကောက်ပွဲလုပ်ငန်းစဉ်တချို့ဟာ အချိန်အတော်ယူရကြောင်း ချူလာလောင်ကွန်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ကထိက ပါမောက္ခချိုင်းယန်ချိုင်းယာဖုန်က ၎င်းရဲ့ Facebook မှာရေးသားထားပါတယ်။

 

အထက်လွှတ်တော်အမတ်အများအပြားဟာ လွှတ်တော်အစည်းအဝေးစည်းမျဉ်း အခန်းနှစ်ထဲမှာပါတဲ့ စည်းမျဉ်း အမှတ် ၄၁ ကို နားလည်မှုလွဲနေကြတယ်လို့ သမ်မာဆတ်တက္ကသိုလ်က ဥပဒေကထိက တွဲ ဖက်ပါမောက္ခ ပရင်ယာ သဲဝါနာရူမီကူလ်က ပြောပါတယ်။

 

အဲဒီစည်းမျဉ်းထဲမှာဖော်ပြထားတာက “လွှတ်တော်တွင်းထောက်ခံမှုမရတဲ့ အဆိုပြုချက်ကို အဲဒီလွှတ်တော် အ စည်းအဝေးထဲမှာပဲ နောက်ထပ်တစ်ကြိမ် ထပ်မံတင်ပြခြင်းမပြုရ” လို့ ဖော်ပြထားတာဖြစ်ကြောင်း ၎င်း ကရှင်းပြပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၉ နဲ့ ပုဒ်မ ၂၇၂ မှာ အကျုံးဝင်တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲလုပ်ငန်းစဉ်တွေနဲ့ မတူ ညီတဲ့ အခန်းနှစ်အရ တင်ပြလာတဲ့အဆိုပြုချက်တွေအတွက်သာ စည်းမျဉ်းအမှတ် ၄၁ ကို အသုံးပြု နိုင်တာဖြစ် ကြောင်း တွဲဖက်ပါမောက္ခ ပရင်ယာက ပြောပါတယ်။

 

Ref: Legal experts challenge parliament’s rejection of Pita’s renomination: Thai PBS

 

#PeopleMedia


Share this post