ပီ႐ူးႏိုင္ငံ၌ ကန္႔သတ္ခ်က္မ်ား ခ်ိဳးေဖာက္က်င္းပသည့္ ႏိုက္ကလပ္ပါတီအား ရဲတပ္ဖြဲ႕က စီနင္းရာ ၁၃ ဦး အသက္ရႈၾကပ္ေသဆုံး
PUBLISHED - August 24, 2020
ၾသဂုတ္ -၂၄
လူစုလူေဝးျပဳလုပ္ျခင္းမ်ား ကဲ့သို႔ေသာ ကို႐ိုနာဗိုင္းရပ္စ္ တားျမစ္မိန္႔မ်ား ထုတ္ျပန္ထားလင့္ကစား ပါတီ ပြဲတစ္ခုက်င္းပရာ ပီ႐ူးႏိုင္ငံ လီမားၿမိဳ႕ေတာ္ရွိ ႏိုက္ကလပ္တစ္ခုကို ရဲတပ္ဖြဲ႕က ဝင္စီးနင္းခဲ့ရာ ႀကိတ္ႀကိတ္တိုး ေန ေသာလူအုပ္အတြင္း လူ ၁၃ ဦးထက္မနည္း အသက္ရႈၾကပ္ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကား ခဲ့သည္။
ပီ႐ူးႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘးေၾကာင့္ ဆိုးရြားစြာ ထိခိုက္ခဲ့ၿပီး ယခုလအတြင္း တင္းက်ပ္ ေသာ လႈပ္ရွားမႈကန္႔သတ္ခ်က္မ်ား ျပန္လည္ခ်မွတ္ခဲ့သည္။
တရားမဝင္ ေမြးေန႔ပါတီကို ယမန္ေန႔က လူမႈကြန္ရက္မွတစ္ဆင့္ စီစဉ္က်င္းပခဲ့ျခင္းျဖစ္ၿပီး လူ ၁၂၀ ခန္႔ တက္ေရာက္ခဲ့ဟု ပီ႐ူး ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။
ရဲတပ္ဖြဲ႕က ပါတီအား စီးနင္းရာတြင္ မည္သည့္လက္နက္ သို႔မဟုတ္ မ်က္ရည္ယိုဗုံးမွ် မသုံးခဲ့ေၾကာင္း၊ တက္ ေရာက္သူမ်ားက တစ္ဦးႏွင့္တစ္ဦးနင္းမိကာ အသက္ရႈၾကပ္ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။
ရဲတပ္ဖြဲ႕ဝင္သုံးဦးအပါအဝင္ လူေျခာက္ဦး ဒဏ္ရာရရွိခဲ့ဟု ဝန္ႀကီးဌာနက ေျပာသည္။ အသက္ေသဆုံးသူ မ်ားက အသက္ ၂၀ ဝန္းက်င္အရြယ္မ်ားျဖစ္ေၾကာင္း ေဒသႏၲရမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
“အခုလို ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ေနခ်ိန္မွာ ဒီလိုမ်ိဳး မျဖစ္သင့္ပါဘူး။ ႏိုက္ကလပ္ပိုင္ရွင္ေတြကို ထိထိေ ရာက္ေရာက္ အေရးယူအျပစ္ေပးဖို႔ ကြၽန္မ ေျပာလိုပါတယ္” ဟု အမ်ိဳးသမီးေရးရာဝန္ႀကီး ႐ိုဆာရီယိုက ေျပာသည္။
လူေပါင္း ၂၃ ဦးကို ထိန္းသိမ္းခဲ့ၿပီး အာဏာပိုင္မ်ားက ပြဲက်င္းပသူမ်ားႏွင့္ ႏိုက္ကလပ္ပိုင္ရွင္မ်ား ေဖာ္ ထုတ္ရန္ ႀကိဳးပမ္းေနသည္ဟု ဝန္ႀကီးဌာနက ဆိုသည္။
လူဦးေရ ၃၃ သန္းခန္႔ရွိေသာ ပီ႐ူးႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈ ၅၀၀၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၂၇၀၀၀ ေက်ာ္ရွိေၾကာင္း သိရသည္။
ကိုးကား ။ ။ ေအအက္ဖ္ပီ
Ref; 13 Dead In Crush At Peru Party Raided Over Virus Violations
#PeopleMedia
(unicode)
ပီရူးနိုင်ငံ၌ ကန့်သတ်ချက်များ ချိုးဖောက်ကျင်းပသည့် နိုက်ကလပ်ပါတီအား ရဲတပ်ဖွဲ့က စီနင်းရာ ၁၃ ဦး အသက်ရှုကြပ်သေဆုံး
…………………………………………………………
ဩဂုတ် -၂၄
လူစုလူဝေးပြုလုပ်ခြင်းများ ကဲ့သို့သော ကိုရိုနာဗိုင်းရပ်စ် တားမြစ်မိန့်များ ထုတ်ပြန်ထားလင့်ကစား ပါတီ ပွဲတစ်ခုကျင်းပရာ ပီရူးနိုင်ငံ လီမားမြို့တော်ရှိ နိုက်ကလပ်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်စီးနင်းခဲ့ရာ ကြိတ်ကြိတ်တိုး နေ သောလူအုပ်အတွင်း လူ ၁၃ ဦးထက်မနည်း အသက်ရှုကြပ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
ပီရူးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့ပြီး ယခုလအတွင်း တင်းကျပ် သော လှုပ်ရှားမှုကန့်သတ်ချက်များ ပြန်လည်ချမှတ်ခဲ့သည်။
တရားမဝင် မွေးနေ့ပါတီကို ယမန်နေ့က လူမှုကွန်ရက်မှတစ်ဆင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး လူ ၁၂၀ ခန့် တက်ရောက်ခဲ့ဟု ပီရူး ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က ပါတီအား စီးနင်းရာတွင် မည်သည့်လက်နက် သို့မဟုတ် မျက်ရည်ယိုဗုံးမျှ မသုံးခဲ့ကြောင်း၊ တက် ရောက်သူများက တစ်ဦးနှင့်တစ်ဦးနင်းမိကာ အသက်ရှုကြပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။
ရဲတပ်ဖွဲ့ဝင်သုံးဦးအပါအဝင် လူခြောက်ဦး ဒဏ်ရာရရှိခဲ့ဟု ဝန်ကြီးဌာနက ပြောသည်။ အသက်သေဆုံးသူ များက အသက် ၂၀ ဝန်းကျင်အရွယ်များဖြစ်ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။
“အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်နေချိန်မှာ ဒီလိုမျိုး မဖြစ်သင့်ပါဘူး။ နိုက်ကလပ်ပိုင်ရှင်တွေကို ထိထိ ေရာက်ရောက် အရေးယူအပြစ်ပေးဖို့ ကျွန်မ ပြောလိုပါတယ်” ဟု အမျိုးသမီးရေးရာဝန်ကြီး ရိုဆာရီယိုက ပြောသည်။
လူပေါင်း ၂၃ ဦးကို ထိန်းသိမ်းခဲ့ပြီး အာဏာပိုင်များက ပွဲကျင်းပသူများနှင့် နိုက်ကလပ်ပိုင်ရှင်များ ဖော် ထုတ်ရန် ကြိုးပမ်းနေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။
လူဦးရေ ၃၃ သန်းခန့်ရှိသော ပီရူးနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ၅၀၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၇၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကိုးကား ။ ။ အေအက်ဖ်ပီ
Ref; 13 Dead In Crush At Peru Party Raided Over Virus Violations
#PeopleMedia