• Follow Us on
Latest News

Home ပုဂံမြို့သစ်တစ်ဖက်ကမ်း တန့်ကြည့်တောင်ဘုရားအနီးရှိ လက်ပန်ချောင်းကျေးရွာ လုံခြုံရေးစခန်းကို အမှတ် (၂) ကျွန်းချောင်း သဘာဝဓာတ်မြေဩဇာစက်ရုံကို အခြေပြုပြီး စစ်သွေးကြွတွေ တိုက်ခိုက်နေ

ပုဂံမြို့သစ်တစ်ဖက်ကမ်း တန့်ကြည့်တောင်ဘုရားအနီးရှိ လက်ပန်ချောင်းကျေးရွာ လုံခြုံရေးစခန်းကို အမှတ် (၂) ကျွန်းချောင်း သဘာဝဓာတ်မြေဩဇာစက်ရုံကို အခြေပြုပြီး စစ်သွေးကြွတွေ တိုက်ခိုက်နေ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာအုပ်စု၊ လက်ပန်ချောင်းကျေးရွာ လုံခြုံရေးစခန်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အမှတ် (၂) ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံကို အခြေပြုပြီး တိုက်ခိုက်နေကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၉)ရက်မှ စတင်ကာ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် လက်ပန်ချောင်းကျေးရွာ လုံခြုံရေးစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွါးသည်မှာ (၅)ရက် မြောက်ရှိပြီဖြစ်သည်။

 

စစ်သွေးကြွ PDF အဖွဲ့ဝင်များ အနေဖြင့် ယနေ့ ဒီဇင်ဘာလ (၁၄)ရက် နံနက် (၇)နာရီခန့်မှ စတင်ကာ ဒရုန်း(၃)စီး အသုံးပြုပြီး လက်ပန်ချောင်းကျေးရွာ လုံခြုံရေးစခန်းကို တိုက်ခိုက်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးနေသည်။

 

ယင်းအပြင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ပခုက္ကူမြို့နယ် အိုင်ကြီးကျေးရွာ အိုင်ကြီးစာသင်ကျောင်း အနောက်ဘက်ရှိ စေတီလှဘုရားအနီးတွင် ထပ်မံစုဖွဲ့နေကြောင်း  ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post