ပုဂံမြို့သစ်ရှိ ကမ္ဘောဇဘဏ်အား အကြမ်းဖက်သမားများက ဓားပြဝင်တိုက်ပြီး ကျပ်သိန်း ၂ ထောင် ယူဆောင် သွား
PUBLISHED - February 1, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ သိင်္ခရပ်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ် (၃၈၄) ကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က အကြမ်းဖက်သမားများမှ ဓားပြဝင်တိုက်ပြီး ငွေကျပ် သိန်း ၂ ထောင်ခန့် လုယက် ယူဆောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ညောင်ဦးမြို့၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ သိင်္ခရပ်ရှိ ကမ္ဘောဇဘဏ်ခွဲအမှတ် (၃၈၄) ကို သေနတ်များ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၈ ဦးခန့်မှ ပါဂျဲရိုကား အနက်ရောင်မော်တော်ယဉ်ဖြင့် ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းများအား ကြမ်းပြင်တွင် မှောက်ခိုင်းပြီး ခန့်မှန်း ငွေကျပ် သိန်း ၂ ထောင်ခန့် လုယက်ယူဆောင်ကာ ပုဂံ-ချောက် ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဘဏ်အား ဓားပြတိုက်သွားသည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
#PeopleMedia