• Follow Us on
Latest News

Home ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဓမ္မရာဇကဘုရား မိုးကြိုးစက်ကွင်းခ

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဓမ္မရာဇကဘုရား မိုးကြိုးစက်ကွင်းခ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း စက်တင်ဘာလ ၁၇ရက်နေ့ ညနေပိုင်း မွန်းလွဲ ၃ နာရီ ၄၅ နာရီ အချိန်၌ ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရသည်။

 

ဓမ္မရာဇကဘုရား မိုးကြိုး စက်ကွင်းခခဲ့ကြောင်း သတင်းရရှိခဲ့သဖြင့် ညောင်ဦး မြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းဆရာတော်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံ ဌာနခွဲ) တာဝန်ခံ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ညောင်ဦးမြို့နယ်ရဲ တပ်ဖွဲ့မှူး၊ ညောင်ဦးခရိုင် သာသနာရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ ဓမ္မရာဇကဘုရားကြီးတွင် အုတ်များကွာကျခြင်း၊ ပွင့်ထွက်ခြင်းများကို မတွေ့ရှိရဘဲ ဘုရားကြီး၏ ခေါင်းလောင်း‌တော်နှင့် ကြာမှောက်ကြာလှန်ကြား ဖောင်းရစ်ပတ်လည်တွင်  ရွှေသင်္ကန်းများ မည်းသွားသည်ကိုသာ မျက်မြင်စစ်ဆေးတွေ့ရှိရပါကြောင်းနှင့် ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ အခြားသော ရှေးဟောင်းအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ဓမ္မရာဇကဘုရားကြီး၏ မိုးကြိုးစက်ကွင်းခမှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍  အမြန်ဆုံးပြုပြင် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post