• Follow Us on

Home ပုဂံရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးများ ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများနှင့် မိုးသည်းထန်စွာ ရွာသွန်းစဉ်ပျက်စီးခဲ့မှုများအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

ပုဂံရှိ ရှေးဟောင်းသမိုင်းဝင်စေတီတော်ကြီးများ ပြုပြင်ထိန်းသိမ်းနေမှုအခြေအနေများနှင့် မိုးသည်းထန်စွာ ရွာသွန်းစဉ်ပျက်စီးခဲ့မှုများအား နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်၍ ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပြုပြင်ထိန်းသိမ်းလျက်ရှိမှုအခြေအနေများနှင့် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့စဉ် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ရွှေစည်းခုံစေတီတော်မြတ်ကြီးသို့ ရောက်ရှိကြပြီး ကြေး ကူတိုက်များထိန်းသိမ်းထားရှိမှု၊ ရင်ပြင်တော်ရှိ မူလသဲကျောက်ပြားများအား သုတေသနပြုဖော်ထုတ် ထားရှိမှု၊ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ဘက်စောင်းတန်းရှိ ရှေးဟောင်းလက်ရာ အုတ်တံတိုင်းများ ရေစိမ့်ဝင်ပြိုကျပျက်စီးနေမှု၊ စောင်းတန်းများပြုပြင်ထိန်းသိမ်းလျက်ရှိမှု၊ ရှေးဟောင်းလက်ရာ သာသနာရေးဆိုင်ရာ အဆောက်အဦများ ထိန်းသိမ်းထားရှိမှု၊ ရင်ပြင်တော်၌ စကျင်ကျောက်ပြားပတ်လမ်း ဆောင်ရွက်ထားရှိမှု၊ စည်တော်ကြီးများ ထိန်းသိမ်းထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် သဗ္ဗညုဘုရားကြီးသို့ ရောက်ရှိဖူးမြော်ကြည်ညိုကြ ပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ထို့နောက် ဘုရားကြီးအတွင်းလိုဏ်ပတ်လမ်းအတွင်း လှည့်လည်၍ ရှေးခေတ်လက်ရာ နံရံဆေးရေးပန်းချီများ၊ ကနုတ်ပန်းများ၊ ရှေးဟောင်းစာပေများ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုခဲ့သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပုဂံမြို့သစ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ၁၀၄၂ ဆင်ကအုတ်တိုက်နေရာသို့ ရောက်ရှိကြပြီး မိုးသည်းထန်စွာရွာသွန်းစဉ် နံရံနှစ်ဖက်နှင့် ပေါင်းကူးအမိုးတို့ ပြိုကျ ပျက်စီးခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

#PeopleMedia


Share this post