ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ထိုင်းနိုင်ငံနှင့် ရုရှားမှ ခရီးသွားဧည့်သည် ဝင်ရောက်မှုအများဆုံးဖြစ်
PUBLISHED - January 24, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၄
ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေကို ပြည်ပမှလာရောက်လည်ပတ်ရာတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်မှု အများ ဆုံးဖြစ်နေပြီး၊ ရုရှားမှ ခရီးသည်ဝင်ရောက်လည်ပတ်မှု ဒုတိယအများဆုံးဖြစ်နေကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန(ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူးထံမှ သိရသည်။
ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား စိတ်ဝင်စားမှုများပြားသည့် ပုဂံရှေးဟောင်းယာဉ်ကျေးမှုနယ်မြေကို ကောင်းကင်ပေါ်မှလေ့လာနိုင်သည့် မီးပုံပျံစီးနင်းမှုကို မီးပုံးပျံကုမ္ပဏီမှ စီးနင်းခများကို ဈေးလျော့ပေးထားသော ကြောင့် ပြည်တွင်းခရီးသွားများ စီးနင်းမှုများပြားကြောင်းလည်း သိရသည်။
ယခင်က မီးပုံးပျံစီးနင်းသူ တစ်ဦးကို ကျပ်သုံးသိန်းခွဲပေးရပြီး၊ ယခုစီးနင်းသူများကို တစ်ဦးလျှင် ကျပ်နှစ် သိန်းခွဲ ကျော်သာ ပေးဆောင်ရသောကြောင့် စီးနင်းသူမျာမှာ ပြည်တွင်းမှ စီးနင်းသူများ များပြားကြောင်းလည်း သိရ သည်။
ယခုလက်ရှိချိန်တွင်လည်း ပုဂံဒေသကို မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှခရီးသွားလည်ပတ်သူများ များပြား ကြောင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ခရီးသွားဝင်ရောက်မူ တိုးမြင့်လာသောကြောင့် ဟိုတယ်များမ လုံလောက်မှုဖြစ်၍ ဘုန်းကြီးကျောင်းများတွင် တည်းခိုမများအထိရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia