• Follow Us on
Latest News

Home ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တည်းခိုခန်းနှင့် ဟိုတယ်များ အခန်းပြည့်လုနီးပါး ကြိုတင်မှာယူထား

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ တည်းခိုခန်းနှင့် ဟိုတယ်များ အခန်းပြည့်လုနီးပါး ကြိုတင်မှာယူထား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်ကြရန် အတွက် ဟိုတယ်နှင့် တည်းခိုခန်းများတွင် အခန်းပြည့်လုနီးပါး ကြိုတင်မှာယူထားကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရသည်။

 

ပွဲတော်ကာလ၌ ခရီးသွားဝင်ရောက်မှုများပြားသည့်အတွက် တည်းခိုခန်းနှင့် ဟိုတယ်များအခန်းပြည့်လေ့ရှိပြီး ဘုန်းတော်ကြီး ကျောင်းများနှင့် ဘုရားတန်ဆောင်းများ၊ ကျေးရွာများ၊ ပုဂံဒေသကားလမ်းတစ်လျှောက်ရှိ ယာဉ်များပေါ်၌ နားခိုလည်ပတ်ရသည်အထိ ခရီးသွားဝင်ရောက်မှု အထူးစည်ကားလေ့ရှိကြောင်း သိရသည်။

 

ပုဂံဒေသသို့ သီတင်းကျွတ်လပြည့်မတိုင်မီ ပြည်တွင်း/ပြည်ပခရီးသွားများ တဖွဲဖွဲဝင်ရောက်လေ့ရှိကြောင်း၊ ပုဂံ/ညောင်ဦးတွင် ဟိုတယ်နှင့် တည်းခိုခန်း ၈၃ လုံး ဖွင့်လှစ်ထားပြီး လက်ရှိတွင် အားလုံးနီးပါး အခန်းပြည့် နေပြီဖြစ်ကြောင်း၊ သိရသည်။

 

၂၀၂၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့တွင် ပုဂံယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ဘုရား/စေတီများသို့ ပြည်ပ ခရီးသွားတစ်သောင်းကျော် အပါအဝင် ခရီးသွားတစ်သိန်းခွဲခန့်အထိ ဝင်ရောက်ခဲ့ကြောင်းနှင့် ယခုနှစ်တွင် ခရီးသွားများ ပိုမိုဝင်ရောက်လာကြောင်း သိရသည်။

 

#PeopleMedia


Share this post