• Follow Us on

Home ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြား ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြား ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

 

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာ စာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပြောသည်။

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိအခြေခံ ပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများသည် တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊ လုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်း ဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရမည်ဖြစ်ပြီး နေ့စဉ်နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများ ပြုလုပ်ကြရမည်ဖြစ်ကြောင်း ပြောသည်။

 

ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ခရိုင်အတွင်းရှိ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူစာရင်းများ၊ သင်ကြားသင်ယူနေမှုအခြေအနေနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ထဲထဲဝင်ဝင်ကြီးကြပ်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသရှိ မိမိတို့တက္ကသိုလ်ရှိ ဆရာဆရာမများ ပညာရေးအရည်အသွေးမြှင့်တင်ပေးရန် သင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးရန်လိုအပ်ကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြင့်နေမှသာ အရည်အသွေး ရှိသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် အားလုံးက ညီညီညွတ်ညွတ်ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။

 

#PeopleMedia


Share this post