ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယာယီခိုလှုံသူများနေထိုင်သည့်စခန်းတွင် ဗုံးသီးအဟောင်းပေါက်ကွဲမှုကြောင့် ကလေး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိ
PUBLISHED - October 9, 2023
နေပြည်တော်၊ အောက်တိုဘာ ၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ဘူတာအနီးရှိ ယာယီခိုလှုံသူများနေထိုင်သည့် စခန်းတွင် ယမန် နေ့ မွန်းလွဲပိုင်းအချိန်က ဗုံးသီးအဟောင်းတစ်လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ကြောင့် ကလေး ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ဘူတာအနီးရှိ ယာယီခိုလှုသူများနေထိုင်သည့် စခန်းတွင် မြေကြီးထဲမှ ပေါ်လာ သည့် ဗုံးသီးအဟောင်းတစ်လုံးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေကျေး ရွာနေ အသက် (၁၁) နှစ်အရွယ် မောင်နေတိုးဟိန်း သေဆုံးခဲ့ပြီး မောင်မျိုးဇော်ဟိန်း (၈) နှစ်နှင့် မောင်မျိုးချစ်ဦး (၆) နှစ်တို့တွင်လည်း ခြေထောက်နှင့် ဝမ်းဗိုက်၌ ဒဏ်ရာများရရှိခဲ့သဖြင့် စစ်တွေမြို့၊ ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသလျက်ရှိကြောင်း သိရသည်။
#PeopleMedia