• Follow Us on
Latest News

Home ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာရှိ စစ်သွေးကြွ AA စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်း

ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာရှိ စစ်သွေးကြွ AA စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်း

Share this post

နေပြည်တော်၊ မတ် ၂၆

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာရှိ စစ်သွေးကြွ AA စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းလိုက်သည်။

 

မတ်လ (၂၅)ရက် ညနေ ၇ နာရီ အချိန်ခန့်က အောင်ဖြူပြင်ကျေးရွာရှိ စစ်သွေးကြွ AA စခန်းကို တပ်မတော်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချကာ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

ယင်းသို့ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် စစ်သွေးကြွ AA အဖွဲ့ဝင် (၃)ဦး သေဆုံးခဲ့ပြီး စစ်သွေးကြွ အဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post