ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် နေပြည်တော်စည်ပင်ကော်မတီဝင်(ဟောင်း) ဦးမင်းသူ ထောင် ဒဏ် (၂) နှစ် ချမှတ်ခံရ

PUBLISHED - December 23, 2021
နေပြည်တော်၊ ဒီဇင်ဘာ ၂၃ (People Media)
နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် နေပြည်တော်စည်ပင်ကော်မတီ ဝင် (၂) ဟောင်း ဦးမင်းသူသည် ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်ကြောင်း ရှေ့နေများထံမှ သိရသည်။
နေပြည်တော်စည်ပင်ကော်မတီဝင် (၂) ဟောင်း ဦးမင်းသူသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရှိ သည့် နိုင်ငံဝန်ထမ်းများကို CDM တွင် ပါဝင်လာစေရန် လှုံ့ဆော်မှုဖြင့် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် နေပြည်တော်အချုပ်ထောင်တရားရုံးက ထောင် (၂) နှစ် အမိန့်ချ မှတ်လိုက်ခြင်းဖြစ်သည်။
ဦးမင်းသူသည် နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က) အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့်လည်း တရားစွဲဆိုခံထားရ သူဖြစ်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဟောင်း ဒေါက်တာမျိုးအောင်၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦး၊ နေပြည်တော်စည်ပင်ကော်မတီဝင် ဒေါ်စံပယ်ထွေးတို့အပေါ်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပါအဝင် တခြားအမှုတစ်ချို့ ဖြင့်လည်း တရားစွဲဆိုထားကြောင်း သိရသည်။
Photo – NPTDC
#PeopleMedia #နေပြည်တော်စည်ပင် #ဦးမင်းသူ
(unicode)
…………………………………………………………………
Photo – NPTDC