• Follow Us on
Latest News

Home ပုပ္ပား-တောင်ကလပ်သွားကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် မြေထိန်းနံရံနှင့် လမ်းသားပဲ့ကျခဲ့မှုအား ယာယီပြုပြင်မှုပြီးစီး

ပုပ္ပား-တောင်ကလပ်သွားကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် မြေထိန်းနံရံနှင့် လမ်းသားပဲ့ကျခဲ့မှုအား ယာယီပြုပြင်မှုပြီးစီး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပုပ္ပား-တောင်ကလပ်သွားကားလမ်းတွင် မိုးရွာသွန်းမှု ကြောင့် ပြိုကျခဲ့သည့် မြေထိန်းနံရံနှင့် လမ်းသားပဲ့ကျခဲ့မှုအား ယာယီ ပြုပြင်မှုပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ယခုနှစ်တွင် ဘိုးတော်ထွက်ပွဲ မတိုင်မီ မိုးများအဆက်အပြတ် ရွာသွန်းခဲ့မှုကြောင့် ပုပ္ပား-တောင်ကလပ် ကားလမ်း(အောင်သိန္ဓိကုန်းအဆင်း)တွင် မြေကာနံရံ အမြင့်ပေ ၂၀ ခန့် ပြိုကျနိမ့်ဆင်းသွားခဲ့ပြီး လမ်းနှုတ်ခမ်းသား အလျား ပေ(၄၀)ခန့်၊ အကျယ် (၆)ပေခန့် ပဲ့ကျသွားခဲ့ကြောင်း သိရသည်။

 

ယခု ပုပ္ပား-တောင်ကလပ် ကားလမ်း ပဲ့ကျခဲ့သည့် နေရာများအား ယာယီအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပေးခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုပြင်မှုလုပ်ငန်းများ ပြီးစီး၍ မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာ သွားလာနိုင် ကြပြီဖြစ်ကြောင်း သိရသည်။

 

ပုပ္ပားတောင်ကလပ်တွင် ဘိုးတော်အောင်မင်းခေါင် ပြည်တော်ဝင် ထွက်ပွဲ/အောင်ပွဲကို နှစ်စဉ် တော်သလင်း လပြည့်ကျော် (၂)ရက်နေ့ ညနေပိုင်းအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

 

Photo – Credit

 

#PeopleMedia


Share this post