ပုဗ္ဗသီရိမြို့နယ်တွင် ဆီဘောက်ဆာယာဉ် (၁) စီးတိမ်းမှောက်မှုဖြစ်ပွားရာမှ ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက်ဒဏ်ရာရရှိ
PUBLISHED - September 23, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ သပြေစမ်းကျေးရွာအနီးတွင် ယမန်နေ့က ဆီဘောက်ဆာယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားရာမှ ယာဉ်မောင်းသေဆုံးပြီး ယာဉ်နောက်လိုက် ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာလမ်း၊ မိုင်တိုင်အမှတ် (၃/၇)၊ သပြေစမ်းကျေးရွာအနီး၊ ဆီဘောက်ဆာယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပုဗ္ဗသီရိကနေ တပ်ကုန်းတိုးဂိတ်ကို ဖြတ်ထွက်တဲ့လမ်းပါ။ လမ်းက အကွေ့ကောက်အတက်အဆင်းများတော့ စလစ်ဖြစ်သွားပုံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အမျိုးသား (၁) ဦး သေဆုံးပြီး ယာဉ်နောက်လိုက် အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် သဗသုခပရဟိတအသင်းမှယာဉ်ဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia